တစ်လင်တစ်မယားစနစ်သည် ဘုရားသခင်တစ်နည်းအားဖြင့် ဟောကြားထားခြင်းမရှိလျှင် (ဓမ္မရာဇဝင် ဒုတိယစောင် ၁၂း၇–၈ နှင့် ယာကုပ် ၂း၂၇၊ ၃၀ တွင် ကြည့်ပါ) အိမ်ထောင်ဖက် ပြုခြင်းအတွက် သူ၏ စံနှုန်းဖြစ်ကြောင်း သမ္မာကျမ်းနှင့် မော်မုန်ကျမ်းက သွန်သင်၏။ ဂျိုးဇက်စမစ်ထံသို့ ဗျာဒိတ်တော်တစ်ခု၏ နောက်တွင်၊ ၁၈၄၀ ခုနှစ်များ အစောပိုင်း၌ အပြိုင်အိမ်ထောင်ဖက်ပြုခြင်း အလေ့အကျင့်ကို အသင်းတော်အသင်းသားတို့၌ တည်ထောင်ခဲ့၏ (အပိုဒ်ငယ် ၁၃၂ တွင် ကြည့်ပါ)။ ၁၈၆၀ ခုနှစ်များမှ ၁၈၈၀ ခုနှစ်များအထိ၊ အမေရိကန်ပြည်ထောင်စု အစိုးရသည် ဤဘာသာရေးအလေ့အကျင့်ကို တရားမဝင်ဖြစ်စေရန် ဥပဒေများပြဋ္ဌာန်းခဲ့၏။ ဤဥပေဒေများသည် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်၏ ထောက်ခံမှုကို ရခဲ့၏။ ဗျာဒိတ်တော်ကို ရရှိပြီးနောက်တွင်၊ ဥက္ကဋ္ဌဝီလဖို့ ဝုဒရပ်ဖ်သည် အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့၏၊ ထိုကြေညာချက်ကို အသင်းတော်က ဩဇာအာဏာနှင့် ဝန်ခံချက်အဖြစ် ၁၈၉၀ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် လက်ခံခဲ့၏။ ဤအရာသည် အသင်းတော်၌ အပြိုင်အိမ်ထောင်ဖက်ပြုခြင်းအလေ့အကျင့်ကို အဆုံးသတ်ခြင်းသို့ ဦးတည်ခဲ့၏။