ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၈


အပိုဒ်ငယ် ၁၀၈

၁၈၃၅ ခု၊ ဒီဇင်ဘာ ၂၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ခုနစ်ကျိပ်ဝင်​အဖြစ် ယခင်က ခန့်ထား​ခံခဲ့ရပြီး၊ သူ၏​တာဝန်ကို ဖော်ပြရန် ဗျာဒိတ်တော်ကို တောင်းဆိုလျက် ပရောဖက်ထံသို့ လာခဲ့​လေသော လိုင်မန်​ရှာမန်၏ တောင်းဆိုမှုဖြင့် ဤ​ဗျာဒိတ်တော်ကို လက်ခံ​ရရှိခဲ့၏။

၁–၃၊ လိုင်မန်​ရှာမန်သည် သူ၏​အပြစ်များ​အတွက် ခွင့်လွှတ်​ခံရ၏။ ၄–၅၊ သူသည် အသင်းတော်၏ ခေါင်းဆောင်သော အသင်း​လူကြီးတို့၌ ရေတွက်​ခံရမည်။ ၆–၈၊သူသည် ဧဝံဂေလိ​တရားတော်ကို ဟောပြောစေရန်နှင့် သူ၏​ညီအစ်ကိုတို့ကို ခွန်အားဖြည့်ပေးရန် ခေါ်သွင်း​ခံရ၏။

သင့်ကို ကိုယ်တော်ရှင် အမှန်​မိန့်တော်မူသည်ကား၊ ငါ့ကျွန်​လိုင်မန်၊ သင်သည် ငါ​ခန့်အပ်​ထားလေသူ၏ အကြံကို ရရှိရန် ဤနေရာသို့ လာရာ၌ ငါ၏​အသံကို နာခံသောကြောင့် သင်၏​အပြစ်များကို ခွင့်လွှတ်ပြီ။

ထို့ကြောင့်၊ သင်၏​စိတ်ဝိညာဉ်ကို သင်၏​ဝိညာဉ်ပကတိ​ရပ်တည်ခြင်းနှင့် စပ်လျဉ်း၍ ချမ်းသာစေလော့၊ ငါ၏​အသံကိုလည်း မတား​ဆီးတော့နှင့်။

ထလော့၊ သင်​ပြုခဲ့​လေသည့်၊ ထို့အတူ သင်​ပြုသည့် သင်၏ သစ္စာ​ကတိများကို ကျင့်စောင့်ခြင်း၌ ယခုမှ​စ၍ ပိုပြီး​ဂရုစိုက်လော့၊ သင်သည် အလွန်​ကြီးစွာသော ကောင်းချီး​မင်္ဂလာများဖြင့် ကောင်းချီး​ခံစားရ​လိမ့်မည်။

ငါ့ကျွန်တို့၏ ဓမ္မ​အစည်း​အဝေးကို ခေါ်သည့်​တိုင်အောင် စိတ်ရှည်စွာ​စောင့်နေလော့၊ ထို့နောက်တွင် သင်သည် ငါ၏​အသင်း​လူကြီးများ​ထဲမှ ပထမဦးဆုံးသော​သူများနှင့်​အတူ အောက်မေ့​ခံရ​လိမ့်မည်၊ ငါ​ရွေးကောက်​ထားလေသည့် ငါ၏​အသင်း​လူကြီးတို့​အထဲမှ ကျန်ကြွင်းသူများနှင့်​အတူ ဘိသိက်မင်္ဂလာ​အားဖြင့် အခွင့်​အရေး​ကိုလည်း ရလိမ့်မည်။

ရှုလော့၊ သင်သည် ဆက်၍​သစ္စာ​ရှိလျှင် ဤ​အရာသည် သင့်ထံသို့ ခမည်းတော်၏ ကတိတော်​ဖြစ်၏။

ယခုမှစ၍၊ ထိုအချိန်မှစ၍ သင့်ကို ငါ​စေလွှတ်မည့် အရပ်​မှန်သမျှ၌ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြောရန် သင်​အခွင့်​အရေး​ရမည့် ထိုနေ့၌ သင့်​အပေါ်မှာ ပြီးပြည့်စုံ​စေလိမ့်မည်။

သင်၏ ခပ်သိမ်းသော​စကားစမြည်၌၊ သင်၏​ခပ်သိမ်းသော​ဆုတောင်းခြင်းတို့၌၊ သင်၏​ခပ်သိမ်းသော တိုက်တွန်းခြင်းတို့၌၊ ထို့အတူ သင်၏​ခပ်သိမ်းသော​အကျင့်တို့၌ သင်၏​ညီအစ်ကိုတို့ကို ခွန်အား​ဖြည့်ပေးလော့။

ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည် သင့်ကို ကာလ​အစဉ်​အဆက် ကောင်းချီး​ပေးရန်နှင့် ကယ်လွှတ်ရန် သင်နှင့်​အတူ ရှိတော်မူ၏။ အာမင်။