အပိုဒ်ငယ် ၁၁၆
၁၈၃၈ ခု၊ မေ ၁၉ ရက်၊ ဒေဝီးခရိုင်၊ မစ်ဆိုရီ၊ နွေဦးတောင်ဟု ခေါ်သည့်နေရာ၌ ပရောဖက် ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁ နွေဦးတောင်သည် ကိုယ်တော်ရှင် အာဒံ-ဩဒိ-အာမန် ပေးသည့်အမည်ဖြစ်၏၊ အကြောင်းမူကား၊ မိန့်တော်မူလေသည်မှာ ၎င်းသည် အာဒံ သူ၏လူမျိုးတို့ကို အကြည့်အရှုလာမည့်နေရာ၊ သို့မဟုတ် ပရောဖက်ဒံယေလဟောသည့်အတိုင်း ရှေးကျသောသူထိုင်မည့်နေရာဖြစ်၏။