အပိုဒ်ငယ် ၁၂၆
၁၈၄၁ ခု၊ ဇူလိုင်လ ၉ ရက်၊ နော်ဗူး၊ အီလီနွိုက်ရှိ ဘရင်ဂ်ဟမ်ရန်းဂ်၏အိမ်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်၌ ဘရင်ဂ်ဟမ်ရန်းဂ်သည် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ဥက္ကဋ္ဌဖြစ်၏။
၁–၃၊ ဘရင်ဂ်ဟမ်ရန်းဂ်သည် သူ၏အလုပ်များအတွက် မိန့်မှာခံရပြီးလျှင်၊ အနာဂတ်ကာလ၌ အဝေးသို့ခရီးသွားခြင်းမှ ဖြေလွှတ်ခံရ၏။
၁ ချစ်သောအလွန်ချစ်ရာညီအစ်ကို၊ ဘရင်ဂ်ဟမ်ရန်းဂ်၊ သင့်ကို ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ငါ့ကျွန် ဘရင်ဂ်ဟမ်၊ ကုန်လွန်ခဲ့ပြီးသောအချိန်များ၌ ကဲ့သို့ သင်၏မိသားစုကို စွန့်ခွာရန် သင်၏လက်၌ မလိုအပ်တော့၊ အကြောင်းမူကား၊ သင်၏ ပူဇော်သက္ကာသည် ငါ့အဖို့ လက်ခံနိုင်ဖွယ်ဖြစ်၏။
၂ ငါ၏နာမတော်အတွက် ခရီးသွားခြင်းများ၌ သင်၏အလုပ်နှင့် အားထုတ်မှုကို ငါမြင်လေပြီ။
၃ ထို့ကြောင့်၊ ငါသည် သင့်အား ငါ၏နှုတ်ကပတ်တော်ကို အဝေးသို့စေလွှတ်ရန် မိန့်မှာ၏၊ သင်၏ မိသားစုကိုလည်း ဤအချိန်ယခုမှစ၍ ကာလအစဉ်အဆက် အထူးဂရုစိုက်လော့။ အာမင်။