အပိုဒ်ငယ် ၁၁၄
၁၈၃၈ ခု၊ ဧပြီ ၁၁ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၂၊ သစ္စာမရှိသောသူများ ကိုင်ဆောင်ထားသည့် အသင်းတော် အမှုတော်ဆောင်တာဝန်များကို အခြားသူများသို့ ပေးလိမ့်မည်။
၁ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား၊ ငါ့ကျွန်ဒေးဗစ်ဒဗယျူပေတန်သည် လာမည့်နွေဦး၌၊ အခြားသူများနှင့်၊ သူအပါအဝင် တစ်ဆယ့်နှစ်ပါးနှင့်ပင်တွဲ၍၊ ငါ၏ နာမတော်အကြောင်း သက်သေခံရန်နှင့် လောကတစ်ခုလုံးသို့ ဝမ်းသာစရာသတင်းကို သက်သေခံရန် ငါ့အဖို့ သာသနာပြုခြင်းကို ဆောင်ရွက်နိုင်ခြင်းငှာ၊ သူ၏ခပ်သိမ်းသောအမှုအရေးကို သူတတ်နိုင်သမျှ အလျင်အမြန်စီစဉ်ရမည်မှာ၊ ထို့အတူ သူ၏ကုန်သွယ်ခြင်းကို လွှဲပေးရမည်မှာ သူ့အဖို့ ဉာဏ်ပညာရှိရာရောက်၏။
၂ အကြောင်းမူကား၊ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်မှာ၊ သင်တို့၌ ငါ၏ နာမတော်ကို ငြင်းဆိုသောသူများရှိသမျှ၊ သူတို့နေရာ၌ အခြားသူများကို ထား၍၊ သူတို့၏သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့ အရာကိုရရှိလိမ့်မည်။ အာမင်။