ကျမ်းစာများ
၂ နီဖိုင်း ၂၂


အခန်းကြီး ၂၂

အနှစ်​တစ်​ထောင်​ကာလ၌ ခပ်သိမ်းသောလူသား​တို့​သည် ကိုယ်​တော်​ရှင်​ကို ချီး​မွမ်း​ကြ​မည်—သူသည် ထို​သူ​တို့၌ ကိန်း​ဝပ်​တော်​မူ​မည်—ဟေရှာယအခန်းကြီး ၁၂ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ထို​ကာလ​၌ သင်​မြွက်​ဆို​ရ​မည်​ကား၊ အို ကိုယ်​တော်​ရှင်၊ အကျွန်ုပ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်​သည် အကျွန်ုပ်​ကို အမျက်​ထွက်​တော်​မူ​သော်​လည်း၊ ကိုယ်​တော်​၏​အမျက်​တော် ငြိမ်း​၍၊ အကျွန်ုပ်​ကို နှစ်​သိမ့်​စေ​တော်​မူ​၏။

ရှု​လော့၊ ဘုရားသခင်​သည် ငါ​၏ ကယ်​တင်​ရာ​ဖြစ်​တော်​မူ​၏။ ငါ​သည် ကိုး​စား​၍ ကြောက်​လန့်​မည်​မ​ဟုတ်။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​ယေဟောဝါ​သည် ငါ​၏​ခွန်​အား​နှင့် ငါ​၏​သီချင်း​ဆိုရာ​ဖြစ်​၍၊ ငါ​၏​ကယ်​တင်​ရာ​လည်း ဖြစ်​၍​လာ​လေ​ပြီ။

ထို့​ကြောင့်၊ သင်​တို့​သည် ကယ်တင်ခြင်း​စမ်း​ရေ​တွင်း​တို့​မှ၊ ရေ​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ခပ်​ရ​ကြ​လိမ့်​မည်။

ထို​ကာလ​၌ သင်​တို့​ပြော​ရ​မည်​မှာ၊ ကိုယ်​တော်​ရှင်​ကို ချီး​မွမ်း​ကြ​လော့။ သူ​၏​နာမ​တော်​ကို ပဌနာ​ပြု​ကြ​လော့။ အမှု​တော်​တို့​ကို လူ​တို့ ၌ ဖော်​ပြ​ကြ​လော့။ သူ​၏​နာမ​တော် မြင့်​မြတ်​သည့်​အကြောင်း​ကို ဖော်​ပြ​ကြ​လော့။

ကိုယ်​တော်​ရှင်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​လော့။ အကြောင်း​မူ​ကား၊ သူ​သည် ထူး​ဆန်း​သော​အမှု​များ​ကို ပြု​တော်​မူ​ပြီ။ ဤ​အမှု​တော်​သည် မြေ​တစ်​ပြင်​လုံး​၌ ထင်​ရှား​တော်​မူ​၏။

ဇိအုန်​၌​နေ​ထိုင်​ကြ​သူ​သင်​တို့၊ အော်​ဟစ်​ကြ​လော့။ အကြောင်း​မူ​ကား၊ ကြီး​မြတ်​တော်​မူ​သည်​မှာ သင်​တို့​အလယ်​၌​ရှိ​သော ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​ဖြစ်​၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။