ဘုရားသခင်သည် မောရှေအား သူကိုယ်တိုင် ဖော်ပြတော်မူ၏—မောရှေသည် ပုံသဏ္ဌာန်ပြောင်းလဲ၏—သူသည် စာတန်နှင့် ရင်ဆိုင်တွေ့ရ၏—မောရှေသည် လူတို့နေထိုင်သည့် ကမ္ဘာများစွာကိုမြင်ရ၏—မရေတွက်နိုင်သည့် ကမ္ဘာများကို သားတော်အားဖြင့် ဖန်ဆင်းထား၏—ဘုရားသခင်၏ အမှုတော်နှင့် ဘုန်းတော်မှာ လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်ဖြစ်၏။