အာဗြဟံကျမ်းမှ ပုံတူတစ်ပုံ
စဉ် ၃
ရှင်းပြချက်
ရုပ်ပုံ ၁၊ ရှင်ဘုရင်၏ ဖော်ရွေခြင်းကြောင့်၊ ဖာရော၏ပလ္လင်ပေါ်တွင် မိမိဦးခေါင်းပေါ်၌၊ ယဇ်ပုရောဟိတ်အခွင့်ကို ကိုယ်စားပြုသည့် သရဖူနှင့်၊ မိမိလက်ထဲ၌ တရားမျှတခြင်းနှင့် တရားစီရင်ခြင်း ရာဇလံတံနှင့်၊ ကောင်းကင်ဘုံ၌ ခမ်းနားသောဥက္ကဋ္ဌအဖွဲ့၏ အထိမ်းအမှတ်အဖြစ် ထိုင်နေသည့် အာဗြဟံ။
ရုပ်ပုံ ၂၊ ဦးခေါင်းပေါ်၌ အမည်စာလုံးများကို ဖော်ပြထားသည့် ဖာရောဘုရင်။
ရုပ်ပုံ ၃၊ ပုံတူ နံပါတ် ၁ ၏ ရုပ်ပုံ ၁၀ ၌ ဖော်ပြထားသည့်အတိုင်း အဲဂုတ္တုပြည်ရှိ အာဗြဟံကို ပုံဆောင်၏။
ရုပ်ပုံ ၄၊ လက်ပေါ်၌ ရေးထားသည့်အတိုင်းရှိသည့်၊ ဖာရောမင်းသား၊ အဲဂုတ္တုဘုရင်။
ရုပ်ပုံ ၅၊ လက်ပေါ်၌ စာလုံးများဖြင့် ဖော်ပြထားသည့် အတိုင်းရှိသည့်၊ ရှူလင်၊ ရှင်ဘုရင်၏ ပွဲတော်စောင့် အကြီးအမှူးတို့ အထဲမှ တစ်ဦး။
ရုပ်ပုံ ၆၊ ဩလိမလ၊ မင်းသားပိုင်သည့် ကျွန်တစ်ဦး။
အာဗြဟံသည် ရှင်ဘုရင်၏ တရားရုံး၌ နတ္ခတ္တဗေဒ သဘောတရားအကြောင်းကို ရှင်းပြနေ၏။