အာဗြဟံကျမ်းမှ ပုံတူတစ်ပုံ
စဉ် ၁
ရှင်းပြချက်
ရုပ်ပုံ ၁၊ ကိုယ်တော်ရှင်၏ ကောင်းကင်တမန်
ရုပ်ပုံ ၂၊ ယဇ်ပလ္လင်ပေါ်၌ ချည်နှောင်ထားခံရသည့် အာဗြဟံ
ရုပ်ပုံ ၃၊ အာဗြဟံကို ယဇ်အဖြစ်ပူဇော်ရန် ကြိုးစားအားထုတ်နေသည့် ဧလကာန၏ ရုပ်တုကိုးကွယ်သောယဇ်ပုရောဟိတ်
ရုပ်ပုံ ၄၊ ဧလကာန၊ လိဗန၊ မာမက်ခရ၊ ခေါ်ရတ်နှင့် ဖာရောတို့၏ ဘုရားများရှေ့၌ ရပ်နေကြသည့် ရုပ်တုကိုးကွယ်သောယဇ်ပုရောဟိတ်တို့၏ ယဇ်အတွက် ယဇ်ပလ္လင်။
ရုပ်ပုံ ၅၊ ဧလကာနရုပ်တုဘုရား
ရုပ်ပုံ ၆၊ လိဗနရုပ်တုဘုရား
ရုပ်ပုံ ၇၊ မာမက်ခရရုပ်တုဘုရား
ရုပ်ပုံ ၈၊ ခေါ်ရတ်ရုပ်တုဘုရား
ရုပ်ပုံ ၉၊ ဖာရောရုပ်တုဘုရား
ရုပ်ပုံ ၁၀၊ အဲဂုတ္တုပြည်ရှိအာဗြဟံ
ရုပ်ပုံ ၁၁၊ အဲဂုတ္တုလူတို့ နားလည်သည့်အတိုင်း ကောင်းကင်တိုင်တို့ကို ကိုယ်စားပြုရန် စီမံထားခြင်း။
ရုပ်ပုံ ၁၂၊ ကျွန်ုပ်တို့၏ဦးခေါင်းအပေါ်ရှိ ပြင်ကျယ်၊ သို့မဟုတ် မိုးမျက်နှာကြက်ကို ပုံဆောင်သည့် ရော့ခေရန်း။ သို့ရာတွင် ဤနေရာ၌၊ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍၊ အဲဂုတ္တုလူတို့သည် ရှောမောကို၊ အမြင့်၊ သို့မဟုတ် ကောင်းကင်၊ ဟေဗြဲဘာသာစကား၊ ရှော့မာရေနှင့် တူညီသည်ဟု ဆိုလိုကြ၏။