ကျမ်းစာများ
မော်ရော်နိုင်း ၅


အခန်းကြီး ၅

ပွဲတော်​စပျစ်ရည်ကို စီမံ​ဆောင်ရွက်ရာ နည်း​နာနိဿယကို ဖော်​ပြ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

စပျစ်ရည်ကို စီမံ​ဆောင်ရွက်ရာ​နည်း​လမ်းမှာ—ရှုလော့၊ သူတို့သည် ခွက်​ဖလားကို ကိုင်၍ ဆိုကြ​သည်​ကား၊

အို ထာဝရ​အဘ​ဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့်သားတော်၊ ယေရှု​ခရစ်တော်၏​နာမတော်၌ အကျွန်ုပ်တို့​ဆုတောင်းကြ​သည်မှာ၊ ဤ​စပျစ်​ရည်ကို ကောင်း​ချီး​ပေး၍ သန့်ရှင်း​စင်ကြယ်​စေတော်​မူ​ရန်နှင့်၊ ၎င်းကို သောက်​သုံးသော​သူမှန်​သမျှ၏​စိတ်ဝိညာဉ်တို့​အတွက်၊ သူတို့သည် မိမိတို့​အဖို့ သွန်း​တော်မူခဲ့သော ကိုယ်တော့်​သားတော်၏​အသွေးတော်ကို အောက်​မေ့ခြင်းဖြင့် သောက်​သုံးကြ​စေခြင်းငှာ​လည်း​ကောင်း၊ အို ထာဝရ​အဘ​ဘုရားသခင်၊ သူတို့သည် သူ့အား အမှန်ပင်​အစဉ်​အမြဲ​အောက်​မေ့ကြောင်း ကိုယ်တော်ထံသို့ သက်​သေ​ခံကြလျက်၊ သူတို့ ၌ သူ၏​ဝိညာဉ်တော်​တည်​ရှိ​စေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။