ကျမ်းစာများ
မော်ရော်နိုင်း ၂


အခန်းကြီး ၂

ယေရှုသည် နီဖိုင်း​အမျိုး​သားတပည့်တော်​တစ်ဆယ့်​နှစ်ပါးတို့​အား သန့်ရှင်းသော​ဝိညာဉ်တော်၏ ဆုကျေးဇူးကို အပ်​နှင်းဖို့ တန်ခိုးကို ပေး​တော်​မူ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ခရစ်တော်သည် သူ​ရွေး​ကောက်​ထားတော်မူ​လေသည့် တစ်ဆယ့်​နှစ်​ပါးသော သူ၏​တပည့်တော်တို့​အပေါ်၌ လက်တော်ကို​တင်၍ မိန့်တော်မူ​လေသည့် သူ၏​နှုတ်ကပတ်တော်တို့​သည်ကား—

ထိုသူတို့၏​အမည်ကို ခေါ်၍ သူ​မိန့်တော်မူ​လေသည်မှာ၊ သင်တို့သည် ငါ၏​နာမတော်​အားဖြင့်၊ အားကြီးသော​ဆုတောင်းခြင်းဖြင့် ခမည်းတော်​ထံသို့ ပဌနာ​ပြုကြ​ရမည်။ သင်တို့သည် ဤသို့​ပြုကြ​ပြီးမှ၊ သင်တို့​လက်များကို တင်မည့်​သူအား သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးနိုင်ဖို့ တန်ခိုးကို ရကြ​လိမ့်မည်။ ငါ၏​နာမတော်​အားဖြင့်လည်း သင်တို့သည် ထိုအရာကို ပေးကြ​လိမ့်မည်။ အကြောင်း​မူကား၊ ထိုကဲ့သို့​အားဖြင့် ငါ၏​တမန်တော်တို့ ပြုကြ၏။

ယခုတွင်၊ ခရစ်တော်သည် ပထမ​ဦးဆုံး​ရောက်​လာတော်မူသည့်​အချိန်၌ သူတို့အား ဤစကားများကို ဟောတော်မူ၏။ လူ​အစု​အဝေး​သည် ကြား​ရခြင်း​မရှိ​သော်​လည်း တပည့်တော်တို့က ကြား​ရကြ၏။ သူတို့​လက်များကို တင်သမျှသော​သူတို့​အပေါ်သို့ သန့်​ရှင်းသော​ဝိညာဉ်တော် သက်​ရောက်​တော်မူ၏။