ကျမ်းစာများ
မော်ရော်နိုင်း ၄


အခန်းကြီး ၄

အသင်း​လူကြီးများနှင့် ယဇ်ပုရောဟိတ်များ ပွဲတော်​မုန့်ကို အဘယ်သို့ စီမံ​ဆောင်ရွက်ကြ​ကြောင်း ရှင်း​ပြ​ထား၏။ အေဒီ ၄၀၁–၄၂၁။

သူတို့၏​အသင်း​လူကြီးများနှင့် ယဇ်ပုရောဟိတ်တို့ အသင်းတော်​အတွက် ခရစ်တော်၏​အသားတော်နှင့် အသွေးတော်ကို စီမံ​ဆောင်ရွက်ရာ၌ နည်း​လမ်းမှာ၊ သူတို့သည် ထိုအမှုကို ခရစ်တော်၏​ပညတ်တော်များ​အတိုင်း စီမံ​ဆောင်ရွက်ကြ၏။ သို့​ဖြစ်၍၊ ထိုနည်း​လမ်း​မှန်​ကန်သည်ကို ငါတို့​သိကြ၏။ အသင်း​လူကြီး သို့​မဟုတ် ယဇ်ပုရောဟိတ်သည် ထို​အမှုကို စီမံ​ဆောင်​ရွက်၏—

သူတို့သည် အသင်းတော်နှင့်​အတူ ဒူး​ထောက်၍၊ ခမည်းတော်​ထံသို့ ခရစ်တော်၏​နာမတော်​အားဖြင့် ဆုတောင်း၍ ဆိုကြ​သည်​ကား၊

အို ထာဝရ​အဘ​ဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့်​သားတော်၊ ယေရှု​ခရစ်တော်၏​နာမတော်၌ အကျွန်ုပ်တို့​ဆုတောင်းကြ​သည်မှာ၊ ဤမုန့်ကို ကောင်း​ချီး​ပေး၍ သန့်ရှင်း​စင်ကြယ်​စေတော်မူ​ရန်နှင့်၊ ၎င်းကို သုံး​ဆောင်သော​သူ​မှန်သမျှ၏​စိတ်ဝိညာဉ်တို့​အတွက် သူတို့သည် ကိုယ်တော့်​သားတော်၏​ကိုယ်​ခန္ဓာတော်ကို အောက်​မေ့ခြင်းဖြင့် စား​သုံးကြ​စေခြင်းငှာ​လည်း​ကောင်း၊ အို ထာဝရ​အဘ​ဘုရားသခင်၊ သူတို့သည် ကိုယ်တော့်သားတော်၏​နာမတော်ကို သူတို့​အပေါ်မှာ ခံယူ​ရန်၊ သူ့အား အစဉ်​အမြဲ​အောက်​မေ့​ရန်နှင့် မိန့်​တော်မူ​ခဲ့သော ပညတ်တော်တို့ကို စောင့်​ထိန်းရန် လို​လို​လား​လား​ရှိကြ​ကြောင်း ကိုယ်တော်​ထံသို့ သက်​သေ​ခံကြ​လျက်၊ သူတို့ ၌ သူ၏​ဝိညာဉ်တော်​အစဉ်​အမြဲ​တည်​ရှိ​စေခြင်းငှာ ဆု​တောင်းကြ​ပါ၏။ အာမင်။