ကျမ်းစာများ
မော်ရော်နိုင်း ၃


အခန်းကြီး ၃

အသင်း​လူ​ကြီး​တို့​သည် ယဇ်ပုရောဟိတ်များနှင့် ဆရာများကို လက်​တင်ခြင်းဖြင့် ခန့်​ထားကြ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

အသင်းတော်၏​အသင်း​လူ​ကြီး​များ​ဟု​ခေါ်သူ တပည့်တော်တို့က ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်​ထားရာ​နည်း​လမ်း​သည်ကား—

သူတို့သည် ခမည်းတော်​ထံသို့ ခရစ်တော်၏​နာမတော်​အားဖြင့် ဆုတောင်းကြ​ပြီးနောက်၊ မိမိတို့​လက်များကို ထိုသူတို့၏​ဦးခေါင်း​ပေါ်သို့​တင်၍ ဆိုသည်မှာ၊

ယေရှု​ခရစ်တော်၏​နာမတော်​အားဖြင့် ငါသည် သင့်ကို ယဇ်ပုရောဟိတ်​အဖြစ် ခန့်​ထား၏ (သို့မဟုတ် ထို​သူသည် ဆရာ​ဖြစ်ဖို့​ဆိုလျှင်၊ ငါသည် သင့်ကို ဆရာ​အဖြစ် ခန့်​ထား၏) သူ၏​နာမတော်၌ ယုံကြည်ခြင်းကို အဆုံး​တိုင်​အောင် တည်​ကြည်ခြင်း​အားဖြင့် နောင်တ​ရခြင်း၊ ထို့အတူ ယေရှု​ခရစ်တော်​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းတို့ကို ဟော​ပြောလော့။ အာမင်။

ဤကဲ့သို့​အားဖြင့် လူသားများသို့ ဘုရားသခင်၏ ဆုကျေးဇူးများနှင့် ခေါ်​သွင်း​တော်မူခြင်းတို့​အတိုင်း၊ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်​ထားကြ၏။ သူတို့​အထဲ၌​ရှိသည့် သန့်​ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်​လည်း ထိုသူတို့ကို ခန့်​ထားကြ၏။