အပိုဒ်ငယ် ၁၃၄
၁၈၃၅ ခု၊ ဩဂုတ်လ ၁၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ကျင်းပခဲ့သည့် အသင်းတော်၏ အထွေထွေ အစည်းအဝေး တစ်ခု၌ သဘောတူညီသော မဲဆန္ဒအားဖြင့် ခံယူခဲ့သည့် အစိုးရနှင့်လည်းကောင်း၊ အထွေထွေဥပဒေများနှင့် လည်းကောင်း စပ်လျဉ်းသည့် ယုံကြည်မှု အကြောင်း ကြေညာချက်။ များစွာသော သန့်ရှင်းသူတို့သည် ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ပထမမူ၏ အဆိုပြုထားသော အကြောင်းအရာတို့ကို ဆုံးဖြတ်ရန် အတူတကွ စုဝေးခဲ့ကြ၏။ ထိုအချိန်၌၊ ဤကြေညာချက်သည် အောက်ပါ စကားချီးကို ပေးခဲ့၏၊ “လောကီအစိုးရများ၊ အထွေထွေ ဥပဒေများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ယုံကြည်မှုနှင့် အထင်အမြင်များကို လွဲမှားစွာ အနက်ဖွင့်မခံရစေရန်နှင့် အထင်အမြင်မှား မခံရစေခြင်းငှာ၊ ကျွန်ုပ်တို့သည် ဤကျမ်းစာတွဲ၏ အဆုံး၌ ဖော်ပြရန် သင့်လျော်စွာ စဉ်းစားခဲ့ကြပါ၏။”
၁–၄၊ အစိုးရတို့သည် အသိစိတ်နှင့် ကိုးကွယ်ခြင်းတို့၏ လွတ်လပ်ခွင့်ကို ထိန်းသိမ်း စောင့်ရှောက် ရမည်။ ၅–၈၊ ခပ်သိမ်းသောလူသားတို့သည် မိမိတို့၏ အစိုးရတို့ကို ထောက်ခံ ရမည်၊ ဥပဒေကို လေးစား ရိုသေရမည်။ ၉–၁၀၊ ဘာသာရေး လူ့အဖွဲ့အစည်းများသည် ပြည်သူ့ အာဏာကို မကျင့်သုံးရ။ ၁၁–၁၂၊ လူတို့သည် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ဥစ္စာပစ္စည်းကို ကာကွယ်ရာ၌ အပြစ်ကင်းစေ၏။
၁ အစိုးရတို့ကို လူသားအကျိုးအတွက် ဘုရားသခင် တည်ထောင်ထားကြောင်း၊ ထို့အတူ သူသည် လူသားတို့အား လူ့အဖွဲ့အစည်း၏ ကောင်းကျိုးနှင့် ဘေးလွတ်ခြင်းအတွက်၊ ဥပဒေပြုခြင်းနှင့် ၎င်းတို့ကို စီမံဆောင်ရွက်ခြင်းနှစ်ခုစလုံး၌ ၎င်းတို့နှင့် ဆက်စပ်သည့် အပြုအမူများအတွက် တာဝန် ရှိစေကြောင်း၊ ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၂ လူတိုင်းအား အသိစိတ်ကို လွတ်လပ်စွာကျင့်သုံးခြင်း၊ ဥစ္စာပစ္စည်းအတွက် အခွင့်အရေး၊ ထို့အတူ အသက်ကာကွယ်ခြင်းတို့ အတွက် ကာကွယ်ပေးမည့် ထိုကဲ့သို့သော ဥပဒေများကို တည်စေ၍၊ မဖောက်ဖျက်စေရန် ထိန်းသိမ်းထားခြင်း မရှိလျှင်၊ အဘယ်အစိုးရမျှ ငြိမ်းချမ်းစွာ မတည်ရှိနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၃ ခပ်သိမ်းသောအစိုးရတို့သည် အလားတူဥပဒေများကို အားကောင်းစေရန်၊ ပြည်သူ့ အရာရှိများနှင့် ရာဇဝတ်တရားသူကြီးများ မဖြစ်မနေ လိုအပ်ကြောင်း၊ ဥပဒေကို ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းတို့ဖြင့် စီမံဆောင်ရွက်မည့် ထိုကဲ့သို့သော သူတို့ကိုလည်း သမ္မတ စနစ်ဖြစ်လျှင်၊ လူတို့၏မဲဆန္ဒအားဖြင့်၊ သို့မဟုတ်လျှင် အုပ်စိုးသူ၏ဆန္ဒအားဖြင့် ရှာ၍ ထောက်မရမည့် အကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၄ ဘာသာတရားကို ဘုရားသခင်အားဖြင့် တည်ထောင်ထားကြောင်း၊ ထို့အတူ လူသားတို့သည် မိမိတို့၏ ဘာသာတရားအမြင်များက အခြားသူတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခြင်းတို့အပေါ် ထိပါးခြင်းမရှိစေလျှင်၊ ထိုတရားကို ကျင့်သုံးခြင်းအတွက် သူ့အောက်၌ တာဝန်ရှိကြောင်း၊ ထို့အတူ သူ့အောက်၌သာ တာဝန်ရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါ၏။ သို့ရာတွင်၊ လူ့ဥပဒေ၌ လူတို့၏ အသိစိတ်ကို ချုပ်နှောင်ရန် ကိုးကွယ်မှု စည်းမျဉ်းများကို ညွှန်ကြားခြင်း၌ ဝင်ရောက်စွက်ဖက်ရန်၊ သို့မဟုတ် လောကရှေ့၌ဖြစ်စေ၊ မထင်ရှားသော အရပ်၌ဖြစ်စေ ဆည်းကပ်မှုပုံစံများကို အမိန့်ပေးရန် အခွင့်အရေး ရှိသည်ဟု ကျွန်ုပ်တို့ မယုံကြည်ကြပါ။ ပြည်သူ့ရာဇဝတ်တရားသူကြီးသည် ပြစ်မှုကို ထိန်းချုပ်ရမည်၊ သို့ရာတွင် အသိစိတ်ကို အဘယ်တော့မျှ မထိန်းချုပ်ရ၊ အပြစ်ရောက်ခြင်းကို အပြစ်ပေးရမည်၊ သို့ရာတွင် စိတ်ဝိညာဉ်၏ လွတ်လပ်ခွင့်ကို အဘယ်တော့မျှ မဖိနှိပ်ရ။
၅ ခပ်သိမ်းသော လူသားတို့သည် အစိုးရတို့၏ ဥပဒေများအားဖြင့် မိမိတို့ အမွေခံရာနှင့် လွှဲပြောင်းပေးနိုင်ခွင့် မရှိသော အခွင့်အရေးများ၌ ကာကွယ်ခံရလျက်ရှိစဉ် မိမိတို့ နေထိုင်ရာ အစိုးရများ အသီးသီးကို ထောက်မ၍၊ ထောက်ခံရန် တာဝန်ရှိကြောင်း၊ ထို့အတူ လှုံ့ဆော်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် ထိုကဲ့သို့ အကာအကွယ်ရသော နိုင်ငံသားတိုင်းအဖို့ မလျောက်ပတ်သော အရာများ ဖြစ်၍၊ သင့်လျော်သည့်အတိုင်း အပြစ်ပေးခံရမည့် အကြောင်း၊ ထို့အတူ ခပ်သိမ်းသော အစိုးရတို့သည် ထိုကဲ့သို့သော ဥပဒေများကို ပြည်သူ့အကျိုးကို ကာကွယ်ရန် အကောင်းဆုံး စဉ်းစား ထားသည့် မိမိတို့ကိုယ်တိုင်၏ ဝေဖန် ပိုင်းခြား နိုင်စွမ်းတို့ဖြင့်၊ ပြဋ္ဌာန်းသတ်မှတ်နိုင်သော အခွင့်အရေး ရှိကြောင်း၊ တစ်ချိန်တည်းတွင်၊ အသိစိတ်၏ လွတ်လပ်ခွင့်ကို သန့်ရှင်း မွန်မြတ်စွာ ထားကြကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါ၏။
၆ လူတိုင်းသည် မိမိရာထူး ဌာန၌၊ အုပ်စိုးသူများနှင့် ရာဇဝတ်တရားသူကြီးများ အဖြစ် အပြစ်မရှိသောသူတို့ကို ကာကွယ်ခြင်းနှင့် အပြစ်ရောက်သောသူတို့ကို အပြစ်ဒဏ်ပေးခြင်း အတွက် ခန့်ထားခံရ၍ ရိုသေခံရမည့်အကြောင်း၊ ထို့အတူ ဥပဒေများမရှိလျှင် ငြိမ်းချမ်းခြင်းနှင့် သဟဇာတဖြစ်ခြင်းသည် မင်းမဲ့စရိုက်နှင့် အကြမ်းဖက်မှုတို့ အားဖြင့် အစားထိုး နေရာယူခံရလိမ့်မည်၊ လူ့ဥပဒေများကို ဖော်ပြပါ တစ်ဦးချင်းနှင့် ပြည်သားများအဖြစ်၊ လူတစ်ဦးနှင့်တစ်ဦးကြား ကျွန်ုပ်တို့၏ အကျိုးများကို အုပ်ချုပ်ခြင်း ရည်ရွယ်ချက်အတွက် တည်ထောင်ထား၍၊ မြင့်မြတ်သောဥပဒေများကို ဝိညာဉ်ပကတိ အမှုတို့နှင့် စပ်လျဉ်း၍စည်ကမ်းများကို ညွှန်ကြားလျက်၊ ယုံကြည်ခြင်းနှင့် ကိုးကွယ်မှု အတွက် ကောင်းကင်ဘုံမှ ပေးထားသဖြင့်၊ ဥပဒေနှစ်မျိုးစလုံးကို လူသားသည် မိမိ ဖန်ဆင်းရှင်သို့ ပြည့်စုံ စေရမည်ဖြစ်ရာ ဥပဒေများကို လူခပ်သိမ်းတို့ လေးစား ရိုသေ ရမည့် အကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၇ အုပ်စိုးသူများ၊ ပြည်နယ်များနှင့် အစိုးရများသည် ခပ်သိမ်းသောနိုင်ငံသားတို့အား သူတို့၏ ဘာသာရေး ယုံကြည်မှုကို လွတ်လပ်စွာကျင့်သုံးခြင်းအဖို့ ကာကွယ်ခြင်း အတွက် ဥပဒေများကို ပြဋ္ဌာန်းသတ်မှတ်ရန် တာဝန်ရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။ သို့ရာတွင် ၎င်းတို့သည် နိုင်ငံသားတို့အား ဤအထူးအခွင့်အရေးမှ ဖယ်ရှားရန်၊ သို့မဟုတ် ဥပဒေများကို လေးစားခြင်းနှင့် ရိုသေခြင်းကို ပြ၍၊ လှုံ့ဆော်ခြင်းကို လည်းကောင်း၊ လျှို့ဝှက်ကြံစည်မှုကို လည်းကောင်း ဘာသာရေး အမြင်များက အပြစ်ကင်းစေခြင်းမရှိသမျှ သူတို့၏ အမြင်များ၌ သူတို့ကို တားမြစ်ရန် တရားမျှတသော အခွင့်အရေး ရှိသည်ဟု ကျွန်ုပ်တို့ မယုံကြည်ကြပါ။
၈ အပြစ် ကျူးလွန်ခြင်းသည် ရာဇဝတ်မှု၏ သဘောအလိုက် အပြစ်ဒဏ်ပေး ခံရမည့်အကြောင်း၊ လူ့အသက်ကို သတ်ခြင်း၊ သစ္စာဖောက်ခြင်း၊ လုယူခြင်း၊ ခိုးခြင်း၊ ထို့အတူ အထွေထွေငြိမ်းချမ်းခြင်းကို တိုက်ဖျက်ခြင်း၊ နည်းမှန်သမျှတို့၌ ၎င်တို့၏ ပြစ်မှုသဘောနှင့် လူတို့၌ မကောင်းမှုကို ဖြစ်နိုင်စေခြင်း သဘောအလိုက်၊ ရာဇဝတ်မှုကျူးလွန်သူ နေထိုင်ရာအစိုးရ၏ ဥပဒေအားဖြင့် ပြစ်ဒဏ်ပေးခံရမည့် အကြောင်း၊ ထို့အတူ ပြည်သူ့ငြိမ်းချမ်းခြင်းနှင့် ငြိမ်သက်ခြင်းအတွက် ခပ်သိမ်းသောလူသားတို့ဆောင်ရွက်ရမည်၊ ကောင်းသောဥပဒေများကို ဆန့်ကျင်သည့် ရာဇဝတ်သားများကို ပြစ်ဒဏ်ပေးခြင်းသို့ ဆောင်ယူရာ၌ မိမိတို့စွမ်းရည်ကို အသုံးပြုရမည့် အကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၉ ဘာသာရေးလွှမ်းမိုးမှုကို ပြည်သူ့အစိုးရနှင့် ရောနှောခြင်းသည် မှန်ကန်သည်ဟု ကျွန်ုပ်တို့ မယုံကြည်ကြပါ၊ ထိုရောနှောခြင်းအားဖြင့်၊ ဘာသာရေးလူ့အဖွဲ့အစည်းတစ်ခု အားပေးခံရ၍၊ တခြားတစ်ခုသည် ၎င်း၏ဝိညာဉ်ပကတိအထူးအခွင့်အရေးများ၌ တားမြစ်ခံရ၏၊ နိုင်ငံသားများအဖြစ် ထိုအသင်းသားတို့၏ တစ်ဦးချင်း အခွင့်အရေးများလည်း ငြင်းပယ်ခံရ၏။
၁၀ ခပ်သိမ်းသော ဘာသာရေး လူ့အဖွဲ့အစည်းများသည် မိမိတို့အသင်းသားများကို မတရားစွာသောအပြုအမူ အတွက် ထိုကဲ့သို့သော လူ့အဖွဲ့အစည်းများ၏ စည်းကမ်းစည်းမျဉ်းတို့ အတိုင်း ကိုင်တွယ်ရန် အခွင့်အရေးရှိကြောင်း၊ ထိုကဲ့သို့သော ကိုင်တွယ်ခြင်းများသည် မိဿဟာယ ဖွဲ့ခြင်းနှင့် ကောင်းသော ရပ်တည်ခြင်းအတွက် ပေးထားကြောင်း ကျွန်ုပ်တို့ ယုံကြည် ကြပါ၏။ သို့ရာတွင်၊ ဘာသာရေး လူ့အဖွဲ့အစည်းတစ်စုံတစ်ခုသည်၊ လူသားတို့အား ဥစ္စာပစ္စည်း သို့မဟုတ် ဘဝအခွင့်အရေးအတွက် စီရင်ရန်၊ သူတို့ထံမှ ဤလောကဥစ္စာများကို သိမ်းယူရန်၊ သို့မဟုတ် သူတို့အား အသက် သို့မဟုတ် ကိုယ် တစ်ခုခုသို့ ဘေးအန္တရာယ်သို့ရောက်စေရန်၊ သို့မဟုတ် သူတို့အပေါ်၌ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြစ်ဒဏ်တစ်စုံတစ်ခုကို စီရင်ရန် အာဏာရှိသည်ဟု ကျွန်ုပ်တို့မယုံကြည်ကြပါ။ သူတို့ကို မိမိတို့ လူ့အဖွဲ့အစည်းမှ ထုတ်ပစ်ရုံသာပြုနိုင်ကြပြီး၊ မိမိတို့၏ မိဿဟာယမှ နုတ်ယူနိုင်ကြ၏။
၁၁ လူသားတို့သည် ပုဂ္ဂိုလ်ရေး ချိုးဖောက်မှုကို စီရင်ခံရရာ သို့မဟုတ် ဥစ္စာပစ္စည်း အခွင့်အရေး၊ သို့မဟုတ် ဂုဏ်သိက္ခာထိပါးခြင်းရှိရာ ခပ်သိမ်းသော အမှားများနှင့် နင့်နာချက်များကို ပြန်လည် ပြင်ဆင်ခြင်း အတွက် တရားမဥပဒေကို အယူခံဝင်ရမည့် အကြောင်း၊ ထိုကဲ့သို့သော ဥပဒေရှိရာ၌ ဖော်ပြပါ အခွင့်အရေးများကို ကာကွယ်မည့်အကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။ သို့ရာတွင်၊ ခပ်သိမ်းသော လူသားတို့သည် မိမိတို့ကိုယ်ကို၊ မိမိတို့အဆွေခင်ပွန်းများ၊ ထို့အတူ ဥစ္စာပစ္စည်း၊ ထို့အတူ အစိုးရတို့ကို ဥပဒေနှင့် စပ်လျဉ်း၍ ချက်ချင်း အယူခံဝင်ခြင်းတို့ကို မပြုလုပ်နိုင်ရာ၊ ထို့အတူ သက်သာခြင်းကို မပေးနိုင်ရာ အရေးပေါ် ကာလများ၌ ခပ်သိမ်းသောလူတို့၏ မတရားသော လက်ရောက် ကျူးလွန် မှုများနှင့် ပိုင်နက် ကျူးလွန်မှုများမှ ကာကွယ်ရာ၌ အပြစ်ကင်းစေကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ကြပါ၏။
၁၂ မြေကြီးပေါ်ရှိပြည်သားတို့အား ဧဝံဂေလိတရားတော်ကို ဟောပြောခြင်း၊ ထို့အတူ ဖြောင့်မတ်သောသူတို့ကို လောက၏ဖောက်ပြန်ခြင်းမှ သူတို့ကိုယ်သူတို့ ကယ်တင်ရန် သတိပေးခြင်းသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါ၏။ သို့ရာတွင် ခံဝန်ချုပ်ရှိရာ ကျွန်များနှင့် စပ်လျဉ်း၍ သူတို့သခင်တို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး ဝင်ရောက်စွက်ဖက်ခြင်းဖြစ်စေ၊ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းဖြစ်စေ၊ သူတို့ကို ဗတ္တိဇံပေးခြင်းဖြစ်စေ၊ အနိမ့်ဆုံးအဖြစ် ဤဘဝ၌ သူတို့၏ အခြေအနေများနှင့် စပ်လျဉ်း၍ မကျေမနပ်ဖြစ်စေရန် ဝင်ရှုပ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းဖြစ်စေ၊ ထိုကဲ့သို့အားဖြင့် လူသားတို့၏ အသက်များကို ဘေးအန္တရာယ်သို့ ရောက်စေခြင်းသည် မှန်ကန်သည်ဟု ကျွန်ုပ်တို့မယုံကြည်ကြပါ။ ထိုကဲ့သို့သော ဝင်ရောက် စွက်ဖက်မှုသည် မတရား၊ မမျှတကြောင်းနှင့် လူသားတို့အား ကျွန်အဖြစ်၌ ရှိစေရန် အခွင့်ပေးသော အစိုးရတိုင်း၏ ငြိမ်းချမ်းခြင်းအတွက် အန္တရာယ်ရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါ၏။