အပိုဒ်ငယ် ၁၂၀
ရှေ့ဗျာဒိတ်တော်၊ အပိုဒ်ငယ် ၁၁၉ ၌ အမည်ပေးထားသည့်အတိုင်း ဆယ်ဖို့တစ်ဖို့ဥစ္စာပစ္စည်းများ လွှဲပေးခြင်းကို ဖော်ပြလျက်၊ ၁၈၃၈ ခု၊ ဇူလိုင် ၈ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁ ကိုယ်တော်ရှင်၊ အမှန်မိန့်တော်မူသည်ကား၊ အချိန်သည် ယခုကျရောက်လာပြီ၊ ငါ့အသင်းတော်၏ ပထမဥက္ကဋ္ဌအဖွဲ့၊ ထို့အတူ သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံအဖွဲ့၊ ထို့တူ ငါ၏ အတိုင်ပင်ခံမင်းအဖွဲ့ အားဖြင့် ပါဝင်သည့် အတိုင်ပင်ခံအဖွဲ့တစ်ခုအားဖြင့်၊ ထို့အတူ သူတို့ထံသို့ ငါကိုယ်တိုင်၏အသံအားဖြင့်၊ ၎င်းကို လွှဲပေးရမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။