ကျမ်းစာများ
သက်သေသုံးဦး၏သက်သေခံချက်


သက်သေသုံးဦး၏သက်သေခံချက်

ကျွန်ုပ်တို့သည် ဤမှတ်တမ်းများ​ပါဝင်သည့် ပုရပိုက်ပြားတို့ကို ခမည်းတော်​ဘုရားသခင်နှင့် ကိုယ်တော်ရှင်​ယေရှုခရစ်တော်၏ ကျေးဇူးတော်​အားဖြင့် မြင်ရကြ​ကြောင်း ဤကျမ်းရောက်​ရှိလာမည့် ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုးတို့​သိမှတ်ကြလော့။ ထိုမှတ်တမ်းမှာ၊ နီဖိုင်း​လူမျိုးများ၊ ထို့အတူ လာမန်​အမျိုးသားများနှင့် သူတို့၏​ညီအစ်ကိုများ၊ ထို့အတူ ပြောလေပြီး​ဖြစ်သည့်​ရဲတိုက်မှ​လာကြသူ ယာရက်​လူမျိုးတို့​အကြောင်း မှတ်တမ်း​ဖြစ်ပေသည်။ ထိုပုရပိုက်​ပြားများကို ဘုရားသခင်၏​ဆုကျေးဇူးနှင့်​တန်ခိုးတော်တို့​အားဖြင့် ဘာသာပြန်​ထားကြောင်းကို​လည်း ကျွန်ုပ်တို့​သိကြ၏။ အကြောင်း​မူကား၊ သူ၏​အသံက ကျွန်ုပ်တို့ကို ဟော​ကြားခဲ့ပေပြီ။ သို့ဖြစ်၍၊ ဤကျမ်း​မှန်ကန်ကြောင်းကို ကျွန်ုပ်တို့ ဧကန်​အမှန်​သိကြပါ၏။ ကျွန်ုပ်တို့သည် ပုရပိုက်​ပြားများပေါ်ရှိ ရေးထွင်း​ထားခြင်းများအား မြင်ရလေ​သည်ကို​လည်းကောင်း၊ ထိုအရာတို့ကို လူသား​အားဖြင့်​မဟုတ်ဘဲ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ကျွန်ုပ်တို့အား ပြတော်မူ​လေသည်ကို​လည်းကောင်း သက်သေ​ခံကြပါ၏။ ဘုရားသခင်၏ ကောင်းကင်​တမန်​တစ်ပါးသည် ကောင်းကင်ဘုံမှ ဆင်းလာပြီး၊ ယူဆောင်​လာ၍၊ ကျွန်ုပ်တို့​မျက်စိ​ရှေ့မှာ​ထားသဖြင့်၊ ထိုပုရပိုက်ပြားများကို​လည်းကောင်း၊ ၎င်းတို့​အပေါ်​ရှိ ရေးထွင်း​ထားခြင်းများကို​လည်းကောင်း ကျွန်ုပ်တို့ကြည့်ရှု၍၊ မြင်ရကြောင်းကို တည်ကြည်လေးနက်သောစကားများဖြင့် ပြောကြားပါ၏။ ကျွန်ုပ်တို့သည် ခမည်းတော်​ဘုရားသခင်နှင့် ကျွန်ုပ်တို့၏​ကိုယ်တော်ရှင်​ယေရှုခရစ်တော်၏ ကျေးဇူးတော်​အားဖြင့်၊ ဤအရာများ​မှန်ကန်သည်ကို ကြည့်မြင်၍​သက်သေခံကြောင်းကိုလည်း သိကြပါ၏။ ထိုအရာသည် ကျွန်ုပ်တို့၏​အမြင်၌ အံ့ဩဖွယ်​ကောင်း၏။ အဘယ်သို့ပင်​ဖြစ်စေ၊ ထိုအကြောင်းကို ကျွန်ုပ်တို့ သက်သေခံရမည့်​အကြောင်း ကိုယ်တော်ရှင်၏​အသံက ကျွန်ုပ်တို့ကို မိန့်မှာခဲ့ပါသည်။ သို့ဖြစ်၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏​ပညတ်တော်များကို နာခံဖို့ရာ ဤအရာတို့​အကြောင်းကို သက်သေခံကြပါ၏။ ကျွန်ုပ်တို့သည် ခရစ်တော်ကို သစ္စာ​ရှိကြလျှင်၊ ကျွန်ုပ်တို့၏​အဝတ်တန်ဆာများကို လူသား​ခပ်သိမ်းတို့၏​အသွေးဖြင့်​ကင်းစင်​စေကြပါမည်၊ ခရစ်တော်၏​တရားပလ္လင်ရှေ့ ၌လည်း အပြစ်​ကင်းစင်လျက်​တွေ့ရမည်​ဖြစ်၍၊ ကောင်းကင်ဘုံ၌ သူနှင့်​အတူ အစဉ်ထာဝရ​နေထိုင်ရမည်ကို သိကြပါသည်။ ဘုရားသခင်​တစ်ပါးတည်း​ဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုန်းကြီးတော်မူပါစေ။ အာမင်။

အော်လီဗာ ကောင်ဒရီ

ဒေးဗစ်ဝှစ်တမာ

မာတင်ဟဲရစ်