ကျမ်းစာများ
သက်သေရှစ်ဦး၏သက်သေခံချက်


သက်သေရှစ်ဦး၏သက်သေခံချက်

ဤကျမ်းကို ဘာသာပြန်​ဆိုသူ ဂျိုးဇက်​စမစ်​အငယ်သည် ရွှေ​အသွင်​သဏ္ဌာန်​ရှိသည့် ဆိုလေပြီးသော ပုရပိုက်ပြားများကို ကျွန်ုပ်တို့ကို ပြလေကြောင်း ဤကျမ်းရောက်​ရှိလာမည့် ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုးတို့​သိမှတ်ကြလော့။ အထက်​ဖော်ပြပါ စမစ်​ဘာသာပြန်လေသမျှသော​ပုရပိုက်ချပ်တို့ကို ကျွန်ုပ်တို့၏​လက်ဖြင့် ကိုင်တွယ်ခဲ့ကြ၏။ ထိုပုရပိုက်​ချပ်ပေါ်​ရှိ ရေးထွင်းခြင်းတို့ကိုလည်း ကျွန်ုပ်တို့​မြင်ခဲ့ကြ၏။ ထိုအရာ​အားလုံးတို့သည် ရှေးလက်ရာနှင့် အနု​စိတ်လက်ရာတို့၏​အသွင်​သဏ္ဌာန်​ရှိကြ၏။ အထက်​ဖော်ပြပါ​စမစ်က ကျွန်ုပ်တို့ကို ပြလေကြောင်း တည်ကြည်​လေးနက်သော​စကားများဖြင့် ကျွန်ုပ်တို့​သက်သေခံကြပါ၏။ အကြောင်းမူကား၊ ကျွန်ုပ်တို့သည် မ၍ကြည့်လျက်၊ အထက်ဖော်​ပြပါ ဂျိုးဇက်​စမစ်၌ ကျွန်ုပ်တို့​ပြောလေသည့် ပုရပိုက်​ပြားများ​ရှိကြောင်းကိုလည်း ဧကန်​အမှန်​သိကြပါ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့​မြင်လေကြောင်းကို လောကသို့ သက်သေခံဖို့ရာ ကျွန်ုပ်တို့၏​အမည်များကို လောကသို့ ကြေညာပါ၏။ အကျွန်ုပ်တို့သည် မုသားပြောခြင်း​မရှိပါ။ ထိုအမှုကို ဘုရားသခင် သက်သေခံလျက်​ရှိပါ၏။

ခရစ်ရှန်ဝှစ်တမာ

ဂျေကုပ်ဝှစ်တမာ

ပီတာဝှစ်တမာအငယ်

ဂျွန်ဝှစ်တမာ

ဟိုင်ရမ်ပေ့ဂ်ျ

ဂျိုးဇက်စမစ်အကြီး

ဟီရမ်စမစ်

ဆင်မြူရယ်လ် အိပ်ခ်ျစမစ်