ကျမ်းစာများ
သင်၏မိသားစုကျမ်းစာလေ့လာခြင်းကို တိုးတက်ရန်စိတ်ကူးများ


“သင်၏မိသားစုကျမ်းစာလေ့လာခြင်းကို တိုးတက်ရန်စိတ်ကူးများ၊” ကျမ်းစာလေ့လာခြင်းစိတ်ကူးများ (၂၀၂၁)

“သင်၏မိသားစုကျမ်းစာလေ့လာခြင်းကို တိုးတက်ရန်စိတ်ကူးများ၊” ကျမ်းစာလေ့လာခြင်းစိတ်ကူးများ

ရုပ်ပုံ
ကျမ်းစာများကိုလေ့လာနေသည့်မိသားစုများ

သင်၏မိသားစုကျမ်းစာလေ့လာခြင်းကို တိုးတက်ရန်စိတ်ကူးများ

ပုံမှန်မိသားစုကျမ်းစာလေ့လာခြင်းသည် သင်၏မိသားစုအားဧဝံဂေလိတရားတော်ကို သင်ယူရန်ကူညီဖို့ အားကောင်းသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ သင်မည်မျှများများနှင့် မည်မျှကြာအောင်ဖတ်ရှုခြင်းသည် သင်၏အားထုတ်မှုများ၌ ပုံမှန်ရှိခြင်းလောက်အရေးမကြီးပါ။ သင်သည် ကျမ်းစာလေ့လာခြင်းကို သင့်မိသားစုဘဝ၏ အရေး‌ကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ်ပြုလုပ်သည်နှင့်အမျှ၊ သင်၏မိသားစုဝင်များကို ယေရှုခရစ်တော်ထံသို့လာရန်နှင့် သူတို့၏သက်သေခံချက်များကို သူ့နှုတ်ကပတ်တော်

အောက်ပါမေးခွန်းတွေကို စဉ်းစားပါ၊

  • သင်သည် မိသားစုဝင်တွေကို သူတို့ဘာသာသူတို့ကျမ်းစာ‌များလေ့လာစေရန် မည်သို့အားပေးနိုင်ပါသနည်း။

  • သင်သည် မိသားစုဝင်များ သူတို့လေ့လာနေသည့်အရာကို ဝေငှစေဖို့ အားပေးရန် မည်သည့်အရာကို လုပ်ဆောင်နိုင်ပါသနည်း။

  • သင်သည် နေ့စဉ်သွန်သင်ခြင်းအခိုက်အတန့်များ၌ ကျမ်းစာများတွင် သင်ယူနေသည့်အခြေခံသဘောတရားများကို မည်သို့ အလေးထားနိုင်ပါသနည်း။

အိမ်သည် ဧဝံဂေလိတရားတော် သင်ယူခြင်းနှင့် သွန်သင်ခြင်းစံနမူနာနေရာဖြစ်ကြောင်းကို သတိရပါ။ သင်သည် ဧဝံဂေလိတရားတော်ကို ဘုရားကျောင်းစာသင်ခန်းထဲ၌ မဖြစ်နိုင်တဲ့ နည်းများဖြင့် အိမ်တွင်သင်ယူနိုင်၊ သွန်သင်နိုင်ပါသည်။ သင်၏မိသားစုကို ကျမ်းစာများမှ သင်ယူဖို့ ကူညီရန်နည်းလမ်းများကို စဉ်းစားလျက် ဖန်တီးမှုရှိပါစေ။ သင်၏မိသားစုကျမ်းစာလေ့လာခြင်းကို မြှင့်တင်ရန် အောက်ပါတို့မှ အချို့ကို စဉ်းစားပါ။

တေးဂီတအသုံးပြုပါ

ကျမ်းစာများ၌သွန်သင်ထားသည့် အခြေခံသဘောတရားများကို အားဖြည့်ပေးသည့်သီချင်းများကို ဆိုပါ။

ရုပ်ပုံ
ကျမ်းစာများလေ့လာနေသည့် အမျိုးသားနှင့် မိန်းကလေး

အဓိပ္ပာယ်ရှိသောကျမ်းစာများဝေငှပါ

မိသားစုဝင်များအား သူတို့၏ကိုယ်ပိုင်လေ့လာစဉ်အတွင်း အဓိပ္ပာယ်ရှိသည်ဟု တွေ့ခဲ့သည့်ကျမ်းပိုဒ်အချို့ကို ဝေငှရန် အချိန်ပေးပါ။

သင်၏ကိုယ်ပိုင်စကားလုံးများကို အသုံးပြုပါ

သင်လေ့လာသည့်ကျမ်းစာများမှ မိသားစုဝင်များသင်ယူသည့်အရာကို သူတို့ကိုယ်ပိုင်စကားဖြင့် အနှစ်ချုပ်ရန် ဖိတ်ခေါ်ပါ။

ကျမ်းစာများကို သင်၏ဘဝ၌အသုံးပြုပါ။

ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြီးနောက်၊ မိသားစုဝင်များအား ကျမ်းပိုဒ် သူတို့ဘဝနှင့် ကိုက်ညီပုံများကို ဝေငှရန်တောင်းဆိုပါ။

မေးခွန်းမေးပါ။

မိသားစုဝင်များအား ဧဝံဂေလိတရားတော်မေးခွန်းတစ်ခုမေးဖို့ ဖိတ်ခေါ်ပါ၊ ထို့နောက် မေးခွန်ကိုဖြေဖို့ကူညီသည့် ကျမ်းပိုဒ်များကို ရှာဖွေရန် အချိန်သုံးပါ။

ကျမ်းစာတစ်ခုကို ဖော်ပြပါ

အဓိပ္ပာယ်ရှိသည်ဟု သင်တွေ့သည့် ကျမ်းပိုဒ်တစ်ခုကို ရွေးပါ၊ မိသားစုဝင်များ အကြိမ်ကြိမ်မြင်မည့်နေရာ၌ ဖော်ပြပါ။ ဖော်ပြမည့်ကျမ်းစာရွေးချယ်ခြင်းကို တစ်လှည့်စီလုပ်ဆောင်ရန် မိသားစုဝင်များကို ဖိတ်ခေါ်ပါ။

ကျမ်းစာစာရင်းတစ်ခုပြုလုပ်ပါ

မိသားစုတစ်ခုအနေဖြင့်၊ လာမည့်သီတင်းပတ်တွင် သင်ဆွေးနွေးလိုသည့် ကျမ်းပိုဒ်အချို့ကို ရွေးပါ။

ကျမ်းစာများကို အလွတ်ကျက်ခြင်း

သင့်မိသားစုအဖို့ အဓိပ္ပာယ်ရှိသည့် ကျမ်းပိုဒ်တစ်ပိုဒ်ကို ရွေးချယ်ပါ၊ မိသားစုဝင်များအား ထိုကျမ်းပိုဒ်ကို နေ့စဉ်ထပ်ဆိုခြင်း သို့မဟုတ် အလွတ်ကျက်ကစားနည်းကစားခြင်းဖြင့် အလွတ်ကျက်စေရန် ဖိတ်ခေါ်ပါ။

အကြောင်းအရာသင်ခန်းစာများကို ဝေငှပါ

သင်မိသားစုနှင့်ဖတ်နေသည့် အခန်းများ၊ ကျမ်းပိုဒ်များနှင့် ဆက်စပ်သည့်အကြောင်းအရာများကို ရှာပါ။ မိသားစုဝင်များအား အကြောင်းအရာတစ်ခုချင်းတိုင်းသည် ကျမ်းစာများရှိသွန်သင်ခြင်းများနှင့် မည်သို့ဆက်စပ်ကြောင်းပြောပြရန် ဖိတ်‌ခေါ်ပါ။

ရုပ်ပုံ
ကလေးကို သွန်သင်နေသည့်အမျိုးသမီး

အကြောင်းအရာတစ်ခုရွေးပါ

မိသားစုအတူတကွလေ့လာမည့် အကြောင်းအရာတစ်ခု ရွေးခြင်းကို အလှည့်ကျပြုလုပ်ရန်မိသားစုဝင်များကို ရွေးချယ်ပါ။ အကြောင်းအရာနှင့်စပ်လျဉ်းသည့် ကျမ်းပိုဒ်များကို ရှာရန် အကြောင်းအရာလမ်းညွှန်သမ္မာကျမ်းအဘိဓာန်၊ သို့မဟုတ် ကျမ်းစာလမ်းညွှန် scriptures.ChurchofJesusChrist.org တို့ကို အသုံးပြုပါ။

ရုပ်ပုံတစ်ပုံဆွဲပါ

ကျမ်းပိုဒ်အနည်းငယ်ကို မိသားစုလိုက်ဖတ်ပါ၊ ထို့နောက် သင်ဖတ်သည့် အရာနှင့်ဆက်စပ်သည့် တစ်စုံတစ်ခုကို ပုံဆွဲရန် မိသားစုဝင်များကို အချိန်ပေးပါ။ တစ်ဦးနှင့်တစ်ဦး၏ရုပ်ပုံများကို ဆွေးနွေးခြင်းအချိန်ကို သုံးပါ။

ပုံပြင်တစ်ခုကို သရုပ်ဆောင်ပါ

ပုံပြင်တစ်ခုဖတ်ပြီးနောက်၊ မိသားစုများအားသရုပ်ဆောင်ရန်ဖိတ်ခေါ်ပါ။ ထို့နောက်တွင်၊ ပုံပြင်သည် သင်တစ်ဦးချင်းအလိုက်နှင့် မိသားစုလိုက် တွေ့ကြုံနေသည့်အရာတို့နှင့် မည်သို့ဆက်စပ်သည်ကို ပြောပြပါ။

အသင်းလူကြီးဒေးဗစ်ဘက်ဒနာက သွန်သင်ခဲ့ပါသည်၊ “မိသားစုဆုတောင်းခြင်းတစ်ခုချင်း၊ မိသားစုကျမ်းစာလေ့လာခြင်းဖြစ်ရပ်တစ်ခုချင်း၊ အိမ်တွင်းညနေတစ်ခုချင်းတို့သည် ကျွန်တော်တို့စိတ်ဝိညာဉ် ပန်းချီဆွဲမိတ္တူ စပေါ်မှ စုတ်ချက်တစ်ခုဖြစ်ပါတယ်။ ဘယ်ဖြစ်ရပ်ကမှ အလွန်အထင်ကြီးစရာ သို့မဟုတ် အမှတ်ရစရာဖြစ်ဟန်မရှိပါဘူး။ ဒါပေမယ့်၊ အဝါရောင်၊ ရွှေရောင် နဲ့ အညိုရောင် ဆေးစုတ်ချက်တွေက အချင်းချင်းအားဖြည့်လို့ အထင်ကြီးစရာ အပြောင်မြောက်ဆုံးလက်ရာတစ်ခု ကို ဖြစ်စေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြင်ပန်းအားဖြင့်သေးငယ်တဲ့အရာတွေကိုပြုလုပ်ခြင်းမှာ ပုံမှန်ရှိခြင်းဟာ သိသာတဲ့ ဝိညာဉ်ပကတိရလဒ်တွေဆီကို ပို့ဆောင်နိုင်ပါတယ်” (“More Diligent and Concerned at Home,” Liahona, နို၊ ၂၀၀၉၊ ၁၉-၂၀)။