ကျမ်းစာများ
ဧဝံဂေလိတရားတော်စာကြည့်တိုက်အစီအစဉ်အသုံးပြုခြင်းအတွက်စိတ်ကူးများ


“ဧဝံဂေလိတရားတော်စာကြည့်တိုက်အစီအစဉ်အသုံးပြုခြင်းအတွက်စိတ်ကူးများ၊” ကျမ်းစာလေ့လာခြင်းစိတ်ကူးများ (၂၀၂၁)

“ဧဝံဂေလိတရားတော်စာကြည့်တိုက်အစီအစဉ်အသုံးပြုခြင်းအတွက်စိတ်ကူးများ၊”ကျမ်းစာလေ့လာခြင်းစိတ်ကူးများ

ရုပ်ပုံ
တက်ဘလက်ကြည့်နေသည့်အမျိုးသမီးနှင့် ကလေး

ဧဝံဂေလိတရားတော်စာကြည့်တိုက်အစီအစဉ်အသုံးပြုခြင်းအတွက်စိတ်ကူးများ

နားထောင်မည်

ကျမ်းစာများကိုလေ့လာရန်အကောင်းဆုံးနည်းတစ်ခုမှာ အသံသွင်းထားခြင်းများကို နားထောင်ရန်ဖြစ်ပါသည်။ သင်သည် ဤနားထောင်ခြင်းကို သင်၏အိမ် သို့မဟုတ် ‌အခြားနေရာတိုင်းနီးပါး၌ ပြုလုပ်နိုင်ပါသည်။ သင်သည် အမြန်နှုန်းအမျိုးမျိုး၊ ဘာသာစကားများစွာတို့ဖြင့်လည်းနားထောင်နိုင်ပါသည်။

အကြောင်းအရာဖြင့်လေ့လာခြင်း

သင်သည် ပေးထားသောအကြောင်းအရာနှင့်စပ်လျဉ်းသည့် ကျမ်းစာများကို ရှာဖွေလုပ်ငန်းစဉ်ကိုသုံး၍၊ ဆက်စပ်သောရှာဖွေရလဒ်များကို သုံးသပ်ခြင်းဖြင့် ရှာတွေ့နိုင်ပါသည်။ သင်သည် ပေးထားသောအကြောင်းအရာအတွက် အဓိကကျမ်းစာများကို ပံ့ပိုးသည့် ဧဝံဂေလိတရားတော်အကြောင်းအရာများ ထုတ်ပြန်ချက်ကိုလည်း အသုံးပြုနိုင်ပါသည်။

အကြောင်းအရာဖြင့်စီစဉ်ခြင်း

သင်သည် အကြောင်းအရာ “အညွှန်းများ” နှင့် “မှတ်စုစာအုပ်များ” ကိုအသုံးပြုခြင်းဖြင့် ပါရှိသည့်အကြောင်းအရာကို စီစဉ်နိုင်ပါသည်။ ဤအကြောင်းအရာများသည် သင်စကားပြောတစ်ခု သို့မဟုတ် သင်ခန်းစာတစ်ခုကို ပြင်ဆင်ချိန်၌ အသုံးဝင်နိုင်ပါသည်။

ရောင်ခြယ်

သင်သည် စာပိုဒ်တစ်ပိုဒ်ကို ရွေး၍ပုံစံတစ်ခုကိုရွေးခြင်းဖြင့် သင်၏ကျမ်းစာများကို ရောင်ခြယ် သို့မဟုတ် မှတ်သားနိုင်ပါသည်။ ပုံစံသည် အရောင်အမျိုးမျိုးနှင့် အောက်မျဉ်း သို့မဟုတ် ရောင်ခြယ်တစ်ခုပေါင်းစပ်ခြင်းဖြစ်နိုင်ပါသည်။

အချိတ်အဆက်များဖန်တီးခြင်း

သင်သည် ကျမ်းစာများ၊ အထွေထွေညီလာခံအမှာစကားများ၊ ထို့အတူ အခြားပါရှိသည့်အကြောင်းအရာတို့ကို အချိတ်အဆက်များဖန်တီးနိုင်ပါသည်။ ဤအရာသည် သင်ပြုလုပ်ထားသည့် ဆက်သွယ်ချက်များကို သင်မှတ်မိရန်နှင့် လျင်မြန်စွာရောက်ရှိရန်ကူညီနိုင်ပါသည်။

အဓိပ္ပာယ်များရှာခြင်း

သင်သည် ကျမ်းစာများမှစကားလုံးတစ်လုံးကိုနှိပ်၍၊ “အဓိပ္ပာယ်ရှာ” ခလုတ်ကိုနှိပ်ခြင်းဖြင့်၊ ၎င်း၏အဓိပ္ပာယ်ကို လွယ်ကူစွာရှာနိုင်ပါသည်။

စာအုပ်မှတ်များနှင့် မျက်နှာပြင်များကို အသုံးပြုခြင်း

သင်သည် နေရာအချို့နှင့်မျက်နှာပြင်များကို ဆက်၍ခြေရာခံရန် စာအုပ်မှတ်များကို အသုံးပြုခြင်းအားဖြင့် ‌ရွေးထားသည့် ပါရှိရာအကြောင်းအရာသို့ လျင်မြန်စွာပြန်ရောက်နိုင်ပါသည်။ စာအုပ်မှတ်များအသုံးပြုခြင်းက သင့်အား သင်ခန်းစာများနှင့် အခြားပါရှိသည့်အကြောင်းအရာများကို တစ်ချိန်တည်း‌ဆက်ဖွင့်ထားရန် အခွင့်ပေးနိုင်ပါသည်။

အချိန်ဇယားတစ်ခုဆွဲခြင်း

သင်၏တိုးတက်မှု သို့မဟုတ် ကျမ်းစာများလေ့လာခြင်းကို ခြေရာခံဖို့ကူညီသည့် လေ့လာခြင်းအစီအစဉ်တစ်ခုကို သင်ဖန်တီးနိုင်ပါသည်။ သင်၏လေ့လာခြင်းရည်မှန်ချက်များကို ပြီးမြောက်ဖို့ကူညီရန် သတိပေးချက်များကိုလည်း သင်ချမှတ်နိုင်ပါသည်။ အချိန်ဇယားတစ်ခုသည် သင့်အား လာ၍၊ ငါ့နောက်သို့လိုက်လေ့ာအချိန်ဇယားအတိုင်းလိုက်နာရန် သို့မဟုတ် မော်မုန်ကျမ်းကို မိမိဘာသာဖတ်ရန် ကူညီနိုင်ပါသည်။