အထွေထွေညီလာခံ
အဆင့်အမြင့်ဆုံးအိမ်များ
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


အဆင့်အမြင့်ဆုံးအိမ်များ

ကယ်တင်ရှင်ဟာ စုံလင်သောအင်ဂျင်နီယာ၊ တည်ဆောက်သူနဲ့ အတွင်းပုံစံထုတ်သူဖြစ်ပါတယ်။ သူ့ရဲ့စီမံကိန်းဟာ၊ ကျွန်တော်တို့စိတ်ဝိညာဉ်တွေရဲ့ စုံလင်ခြင်းနဲ့ ထာဝရဝမ်းမြောက်မှုဖြစ်ပါတယ်။

မကြာသေးမီက၊ ဆောလိတ်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုကို ထူးထူးခြားမြင်ခဲ့ရပါတယ်။ အဲဒါက ပရိဘောဂနဲ့၊ အတွင်းပုံစံ ကုမ္ပဏီတစ်ခုကို ကြော်ငြာထားတာပါ။ ဆော့လိတ်မြို့ရှိ အဆင့်အမြင့်ဆုံးအိမ်များကို ဝန်ဆောင်ခြင်း လို့သာ ဖော်ပြထားပါတယ်။

အကြောင်းအရာက စွဲမက်စရာပါပဲ—အဆင့်အမြင့်ဆုံးအိမ်ဆိုတာ ဘာပါလဲ။ ကျွန်တော်အဲဒီမေးခွန်းကိုစဉ်းစားမိလျက်သားဖြစ်နေပါတယ်၊ အထူးသဖြင့်၊ ကျွန်တော့ဇနီး ကေသီနဲ့ ကျွန်တော်ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးများ၊ ပြီးတော့ယနေ့မှာ ပြုစုပျိုးထောင်နေတဲ့ ကလေးများနဲ့ ပတ်သက်လို့ပါပဲ။ နေရာတိုင်းက မိဘတွေလိုပါပဲ၊ ကျွန်တော်တို့ရဲ့မိသားစုနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်ကြ၊ ဆုတောင်းကြပါတယ်။ ကျွန်တော်တို့ ဆုတောင်းနေတုန်းပါပဲ။ ကျွန်တော်တို့ဟာ သူတို့အတွက် တကယ့်အဆင့်အမြင့်ဆုံးကို အလေးအနက် အလိုရှိကြပါတယ်။ သူတို့နဲ့ သူတို့ရဲ့ကလေးတွေ အဆင့်အမြင့်ဆုံးအိမ်တွေထဲမှာ ဘယ်လိုများနေနိုင်ကြပါသလဲ။ ကျွန်တော်နဲ့ကေသီ လည်ပတ်ဖို့ အခွင့်အရေးရခဲ့တဲ့အသင်းတော် အသင်းသားတွေရဲ့အိမ်တွေအကြောင်းကို ကျွန်တော်တွေးတောမိပါတယ်။ ကျွန်တော်တို့တတွေ ကိုရီးယားနဲ့ကင်ညာရှိ၊ ဖိလစ်ပိုင်နဲ့ ပီရူးရှိ၊ လာအိုနဲ့ လတ်ဗီးယားရှိ အိမ်တွေဆီကို ဖိတ်ခေါ်ခံခဲ့ရဖူးပါတယ်။ အဆင့်မြင့်တဲ့အိမ်တွေအကြောင်း တွေ့ရှိချက်လေးချက်ကို ကျွန်တော် ဝေငှပါရစေ။

ပထမတစ်ချက်က၊ ကိုယ်တော်ရှင်၏ ရှုထောင့်အားဖြင့်၊ အကောင်းဆုံအိမ်တွေကိုတည်ဆောက်ခြင်းဆိုတာ၊ အဲဒီအိမ်တွေမှာ နေတဲ့သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမှန်သမျှနဲ့ဆိုင်ပါတယ်။ အဲဒီအိမ်တွေဟာ၊ သူတို့ရဲပရိဘောဂအားဖြင့်၊ သို့မဟုတ် တန်ဖိုးထိုက်တန်မှု အားဖြင့်၊ သို့မဟုတ် ပိုင်ဆိုင်တဲ့လူတွေရဲ့ လူမှု အဆင့်အတန်း အားဖြင့် အဘယ်အရေးကြီးသော သို့မဟုတ် တာရှည်ခံသောနည်းနဲ့မှ အဆင့်မြင့်စေတာမဟုတ်ပါဘူး။ အိမ်တိုင်းရဲ့ အဆင့်အမြင့်ဆုံး ဂုဏ်အင်္ဂါဆိုတာ အိမ်မှာနေထိုင်သူတွေမှာ ရောင်ပြန်ဟပ်တဲ့ ခရစ်တော်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ နေထိုင်သူတွေရဲ့ အတွင်းစိတ်အကျင့်ပုံစံဖြစ်ပါတယ်၊ အဆောက်အဦးကိုယ်တိုင်မဟုတ်ပါဘူး။

ခရစ်တော်ရဲ့ ဒီဂုဏ်ရည်တွေကို ကာလစေ့တဲ့အခါမှာ ပဋိညာဉ်လမ်းတလျှောက်၊ရည်ရွယ်ရာတိုးတက်မှုအားဖြင့် ရရှိကြပါတယ်။ ခရစ်တော်ကဲ့သို့သော ဂုဏ်ရည်တွေက ကောင်းမြတ်စွာနေထိုင်ရန်ကြိုးစားသူတွေရဲ့ ဘဝတွေကို တန်ဆာဆင်မြန်းပေးပါတယ်။ အဲဒါတွေက အိမ်တွေမှာ ကြမ်းပြင်က ရွှံဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ ဧဝံဧဂေလိတရားတော်အလင်းနဲ့ ပြည့်စေပါတယ်။ သင်ဟာ သင့်တစ်အိမ်လုံးမှာ ဒီဟာတွေကို ရှာဖွေဖို့ ညွှန်ကြားချက်ကို လိုက်လျှောက်တဲ့ သူတစ်ဦးတည်း ဖြစ်လျှင်တောင်မှ၊သင့်မိသားစုအိမ်ရဲ့ ဝိညာဉ် ပကတိတန်ဆာဆင်ခြင်းအတွက် ပါဝင်ကူညီနိုင်ပါတယ်။

ကျွန်တော်တို့ဟာ [ကိုယ့်ကိုယ်]ကို ဖွဲ့စည်းဖို့၊ လိုအပ်တဲ့အရာတိုင်းကို ပြင်ဆင်ဖို့ ကိုယ်တော်ရှင်ရဲ့ အကြံကို လိုက်လျှောက်ကြပါတယ်။ ပြီးတော့၊ ကိုယ့်ဝိညာဉ်ပကတိဘဝတွေကို ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ တည်ဆောက်ခြင်းအားဖြင့် အိမ်တစ်အိမ်ကို တည်ဆောက်ကြပါတယ်၊ ကိုယ့်အိမ်ခြံမြေအားဖြင့်မဟုတ်ပါဘူး ။ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့ ပဋိညာဉ်လမ်းကို စိတ်ရှည်စွာ လိုက်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့အိမ်ဟာ ဘုန်းအသရေအိမ်၊ အစီအစဉ်တကျရှိသောအိမ်၊ [ပြီးတော့] ဘုရားသခင်ရဲ့အိမ် ဖြစ်လာပါတယ်။

ဒုတိယအချက်က၊ အဆင့်အမြင့်ဆုံးအိမ်တွေမှာ နေထိုင်တဲ့သူတွေဟာ ကျမ်းစာများနဲ့ အသက်ရှင်တဲ့ပရောဖက်တို့ရဲ့ စကားတွေကို လေ့လာဖို့ အချိန်ပေးကြပါတယ်။ ဥက္ကဌရပ်ဆဲလ်၊ အမ်နယ်လ်ဆင်က ကျွန်တော်တို့ရဲ့ အိမ်တွေကို ဧဝံဂေလိတရားတော် လေ့လာခြင်းအားဖြင့် ပြောင်းလဲဖို့နဲ့ အသစ်ပြင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်။ အဆင့်မြင့်တဲ့အိမ်တွေက၊ နူးညံ့သောသူတွေကိုလက်ခံကြောင်း၊၊ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု အလုပ် နှင့် ကျွန်တော်တို့ရဲ့ အားနည်းချက်များကို အသစ်ပြင်ခြင်းတို့ကို လက်ခံကြောင်း သူ့ရဲ့ ဖိတ်ခေါ်ခြင်းတွေက အသိအမှတ်ပြုပါတယ်။ နေ့စဉ်နောင်တရခြင်းဟာ ကျွန်တော်ကို အနည်းငယ် ပိုပြီးကြင်နာတတ်စေရန်၊ ပိုပြီးချစ်တတ်စေရန်နဲ့ ပိုပြီးနားလည်မှုရှိစေရန် တတ်နိုင်စွမ်းတဲ့ ပြောင်းလဲခြင်းလက်နက်တစ်ခုဖြစ်ပါတယ်။ ကျမ်းစာတွေကို လေ့လာခြင်းက ကျွန်တော်တို့ကို ဖွံ့ဖြိုးမှုမှာ ကူညီတဲ့ မြင့်မြတ်သောချစ်ခြင်းနဲ့ ကျေးဇူးတော်တို့ကို ပိုင်ဆိုင်သူ ကယ်တင်ရှင်နဲ့ ပိုပြီးနီးရာကို ရောက်စေပါတယ်။

သမ္မာကျမ်းနဲ့ မော်မုန်ကျမ်းနှင့်မြတ်ပုလဲကျမ်းများက မိသားစုတွေရဲ့အကြောင်းကို ဖော်ပြပါတယ်၊ ဒါကြောင့်၊ ဒီမြင့်မြတ်သော ကျမ်းစာတွဲတွေဟာ အဆင့်အမြင့်ဆုံးအိမ်တွေကို တည်ဆောက်ခြင်းအတွက် အတုမရှိသော လက်စွဲကျမ်းတွေဖြစ်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ မိဘတွေရဲ့ စိုးရိမ်မှုတွေ၊ သွေးဆောင်ခြင်းဘေးတွေ၊ ဖြောင့်မတ်ခြင်းရဲ့ အောင်မြင်မှု၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ ပေါများခြင်းရဲ့ စမ်းသပ်မှု၊ စစ်ပွဲရဲ့ ထိတ်လန့်ဖွယ်များနဲ့ ငြိမ်းချမ်းခြင်းရဲ့ ဆုလာဘ်တွေကို သူတို့မော်ကွန်းတင်ထားပါတယ်။ မိသားစုတွေဟာ ဖြောင့်မတ်သောနေထိုင်ခြင်းအားဖြင့် ဘယ်လိုအောင်မြင်ခဲ့သလဲ၊ အခြားလမ်းတွေကို လိုက်ခြင်းအားဖြင့် ဘယ်လိုကျဆုံးခဲ့သလဲဆိုတာကို ကျမ်းစာတွေက ကျွန်တော်တို့ကို ထပ်တလဲလဲ ဖော်ပြပါတယ်။

တတိယအချက်ကတော့ အဆင့်မြင့်တဲ့အိမ်တွေဟာ၊ ကိုယ်တော်ရှင် သူ့ရဲ့အဆင့်အမြင့်ဆုံးအိမ်၊ ဗိမာန်တော်အတွက် ဖန်တီးထားတဲ့ အသေးစိတ်အစီအစဉ်ကို လိုက်နာကြပါတယ်။ ဗိမာန်တော်တစ်ခု တည်ဆောက်ခြင်းကို—ချုံရှင်းခြင်းနဲ့ မြေညှိခြင်း အခြခံအဆင့်တွေနဲ့ အစပြုပါတယ်။ အခြေကို အဆင်သင့်ဖြစ်စေတဲ့ ဒီကနဦးအားထုတ်မှုတွေဟာဆိုရင် အခြေခံပညတ်တော်တွေကို စောင့်ထိန်းခြင်းနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ပညတ်တော်တွေဟာ တပည့်တော်ဖြစ်ခြင်းကို တည်ဆောက်ရာ အုတ်မြစ်ဖြစ်ပါတယ်။ မြဲမြံသောတပည့်တော်ဖြစ်ခြင်းက ကျွန်တော်တို့ကို ဗိမာန်တော်သံမဏိ သံဘောင်တွေလို ခိုင်မာလာစေ၊ စွဲမြဲလာစေ၊ မတိမ်းယိမ်းလာစေခြင်းသို့ ပို့ဆောင်ပါတယ်။ ဒီစွဲမြဲသောဘောင်က၊ ကိုယ်တော်ရှင်ကို ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ပြောင်းလဲစေဖို့ သူ့ဝိညာဉ်တော်ကို စေလွှတ်ရန် အခွင့်ပေးပါတယ်။ စိတ်နှလုံးရဲ့ ကြီးစွာသောပြောင်းလဲခြင်းကို တွေ့ကြုံရခြင်းဟာ ဗိမာန်တော်ရဲ့အတွင်းပိုင်းကို လှပသောအင်္ဂါရပ်များ ပေါင်းထည့်ပေးခြင်းနဲ့တူပါတယ်။

ကျွန်တော်တို့ဟာ ယုံကြည်ခြင်းမှာ ဆက်၍ ရှိနေကြတာနဲ့အမျှ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို တဖြည်းဖြည်းချင်း ပြောင်းလဲပေးပါတယ်။ ကျွန်တော်တို့ဟာ မျက်နှာထားမှာ သူ့ရဲ့ပုံရိပ်ကို လက်ခံကြပြီး၊ သူ့ ဂုဏ်အင်္ဂါရဲ့ ချစ်ခြင်းနဲ့ အလှကို ရောင်ပြန်ဟပ်စပြုကြပါတယ်။ ကျွန်တော်တို့ဟာ သူနဲ့တူလာကြတာနဲ့အမျှ၊ သူ့အိမ်တော်မှာကိုယ့်အိမ်လို ခံစားရမှာပါ၊ သူလည်းကျွန်တော်တို့အိမ်တွေမှာ သူ့အိမ်လို ခံစားရမှာပါ။

ကျွန်တော်တို့ဟာ ဗိမာန်တော်ထောက်ခံချက်အတွက် အရည်အချင်းပြည့်မီစေခြင်းနဲ့ အခြေအနေပေးသမျှအကြိမ်ကြိမ်အသုံးပြုခြင်းတို့အားဖြင့်၊ ကျွန်တော်တို့အိမ်တွေနဲ့သူ့အိမ်ရဲ့ နီးစပ်သောဆက်နွှယ်မှုကို ထိန်းသိမ်းထားနိုင်ကြပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ခြင်းအားဖြင့်၊ ကိုယ်တော်ရှင့်အိမ်တော်၏သန့်ရှင်းခြင်းဟာ ကျွန်တော်တို့အိမ်တွေထဲမှာ ကိန်းဝပ်တော်မူပါတယ်။

ခမ်းနားကြီးကျယ်မှုဟာ ဆော့လိတ် ဗိမာန်တော်အနီးနားမှာ တည်ရှိပါတယ်။ ရှေ့ဆောင်သူတွေက အခြေခံကိရိယာများ၊ ဒေသသုံးပစ္စည်းများ၊ အဆုံးမဲ့အလုပ်ကြိုးစားမှုများနဲ့ ဗိမာန်တော်ကို ၁၈၅၃ ကနေ ၁၈၉၃ အထိ တည်ဆောက်ခဲ့ကြပါတယ်။ အင်ဂျင်နီယာပညာ၊ ဗိသုကာပညာနဲ့ အတွင်းပုံစံတို့ကို ဆက်ကပ်ရာမှာ အသင်းတော်ရဲ့ အစောပိုင်း အသင်းသားတို့မှာ ရှိခဲ့တဲ့ အဆင့်အမြင့်ဆုံးသောအရာတွေက ဖန်တီးခဲ့တဲ့ လက်ရာမွန်ကို သန်းပေါင်းများစွာသောသူတို့က အသိအမှတ်ပြုကြရပါတယ်။

ဗိမာန်တော်ကို ဆက်ကပ်ခဲ့တာ နှစ်ပေါင်း ၁၃၀ နီးပါး ကုန်လွန်သွားခဲ့ပါပြီ။ မနေ့က အယ်ဒါ ဂယ်ရီ အီး စတီဗင်ဆန်၏မှတ်စုအရ၊ ပို၍သစ်လွင်သော၊ လုံခြုံသောအခြေခံစံနှုန်းများဖြင့်အစားထိုးလျက် ဆောက်လုပ်ရေးဆိုင်ရာနိယာမများကို ဗိမာန်တော်ဒီဇိုင်းရေးဆွဲရာတွင် အသုံးပြုပါတယ်။ ဗိမာန်တော် အင်ဂျင်နီယာ ပညာကို တိုးမြှင့်ရန်နဲ့ တည်ဆောက်ပုံ အားနည်းချက်ကို ပြုပြင်ရန် ပျက်ကွက်ခြင်းဟာ၊ ဗိမာန်တော်ကို သူတို့တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီး နောက်မျိုးဆက်များသို့ လွှဲပြောင်းပေးခဲ့တဲ့ ရှေ့ဆောင်သူတို့ရဲ့ စိတ်ချယုံကြည်မှုကို သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။

အသင်းတော်ဟာ ဗိမာန်တော်ရဲ့ တည်ဆောက်ပုံနဲ့ ငလျင်ဒဏ်ခံနိုင်အားကို တိုးတက်စေဖို့ လေးနှစ်စီမံကိန်းကို စတင်ခဲ့ပြီးပါပြီ။ အုတ်မြစ်၊ ကြမ်းပြင်နဲ့ နံရံတွေကို အင်အားခိုင်မာစေပါလိမ့်မယ်။ ယနေ့ခေတ် အကောင်းဆုံးအင်ဂျင်နီယာ အသိဉာဏ်က ဗိမာန်တော်ကို ခေတ်မီစံနှုန်းများသို့ ရောက်စေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တည်ဆောက်ပုံပြောင်းလဲမှုများကို မြင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ၎င်းတို့ရဲ့ သက်ရောက်မှုများကတော့ အစစ်အမှန်လည်းဖြစ်တယ်၊ အရေးလည်းကြီးပါတယ်။ ဒီအလုပ်မှန်သမျှမှာ၊ ဗိမာန်တော်ရဲ့ လှပသော အတွင်းပိုင်း ပုံစံအင်္ဂါရပ်များကို ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဆော့လိတ်ဗိမာန်တော်အသစ်ပြန်ပြင်ခြင်းက ပေးထားတဲ့ ပုံသက်သေနောက်ကို လိုက်ပြီးတော့၊ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းကိုယ်ပိုင် ဝိညာဉ်ပကတိအင်ဂျင်နီယာအတတ်ပညာကို ခေတ်မီနေစေဖို့သေချာအချိန်ယူကြရပါမယ်။ ကျွန်ုပ်မှာဘာလိုသေးလဲဆိုတဲ့ ကိုယ်တော်ရှင်ကိုမေးလျှောက်ခြင်းနဲ့ တွဲထားတဲ့မိမိကိုယ်ကို အချိန်မှန်အကဲဖြတ်ခြင်းက ကျွန်တော်တို့တစ်ဦးချင်းစီကို အဆင့်အမြင့်ဆုံးအိမ်တည်ဆောက်ရာမှာ ပါဝင်ဖို့ကူညီနိုင်ပါတယ်။

စတုတ္ထ၊ အဆင့်အမြင့်ဆုံးအိမ်များဟာ ဘဝမုန်တိုင်းအတွက်ခိုလှုံရဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းသူများဟာ ပြည်တော်၌ အောင်မြင်ကြ၏လို့ ကိုယ်တော်ရှင်ကတိထားတော်မူခဲ့ပါတယ်။၁၀ ဘုရားသခင်ရဲ့အောင်မြင်ခြင်းဆိုတာ ဘဝပြဿနာတွေရှိသော်ငြားလည်း ရှေ့ဆက်ကြိုးစားတဲ့တန်ခိုးဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက၊ ပြဿနာတွေအကြောင်း အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ကျွန်တော်သင်ယူခဲ့ရပါတယ်။ . ပါရာဂွေး၊ အာဆွန်စီယွန်မှာ နေတုန်းက၊ မြို့ရဲ့ ပန္နက်ဥက္ကဌတွေနဲ့ ကျွန်တော်တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ ပါရာဂွေးဟာ ဆိုးရွားတဲ့ ငွေကြးအကျပ်အတည်းနဲ့ ရင်ဆိုင်ရပြီး၊ အသင်းတော်အသင်းသားများစွာတို့ဟာ၊ ဒုက္ခဝေဒနာခံစားကြရတယ်၊ လိုအပ်ချက်တွေပြည့်စုံစေဖို့လည်း မစွမ်းဆောင်နိုင်ကြပါဘူး။ ကျွန်တော်ဟာ သာသနာပြုကတည်းက တောင်အမေရိကကို ရောက်ဖူးခဲ့ပါတယ်၊ ပါရာဂွေးကိုတော့ မရောက်ဖူးခဲ့ပါဘူး။ အဲဒီဒေသဥက္ကဌအဖွဲ့မှာ သီတင်းပတ်အနည်းငယ် ကျွန်တော်အမှုတော်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီပန္နက်ဥက္ကဌတွေကို ကျွန်တော်လမ်းညွှန်မှုပေးနိုင်စွမ်းမရှိခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်လို့၊ ကျွန်တော်က သူတို့ပန္နက်တွေမှာဘယ်အရာက ကောင်းကောင်းအဆင်ပြေခဲ့သလဲလို့ သူတို့ကိုမေးခဲ့ပါတယ်။ ပထမပန္နက်ဥက္ကဌက ကောင်းကောင်းအဆင်ပြေတဲ့အရာတွေအကြောင်း ကျွန်တော့ကို ပြောပြပါတယ်။ နောက်တစ်ယောက်ကတော့ ကောင်းကောင်းအဆင်ပြေသော်လည်း ပြဿနာအနည်းငယ်ရှိတဲ့အရာတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ နောက်ဆုံး ပန္နက်ဥက္ကဌဆီရောက်တော့၊ သူက စိတ်အနှောက်အယှက်ဖြစ်တဲ့ စိန်ခေါ်မှုအချို့ကို ဖော်ပြခဲ့ပါတယ်။ အခြအနေအတိုင်းအတာကို ပန္နက်ဥက္ကဌရှင်းပြတို့အချိန်မှာ၊ ကျွန်တော်ဟာ ပြောရမယ့်အရာကို စိတ်ပျက်လုမတတ်၊ စိုးရိမ်စိတ်ကြီးလာခဲ့ပါတယ်။

အသင်းလူကြီး ကလေတန်၊ သူတို့ကို ဒီမေးခွန်းကို မေးပါ၊ ဥက္ကဌများခင်ဗျာ၊ သင်တို့ပန္နက်တွေရဲ့ အသင်းသားတွေထဲမှာ၊ ဆယ်ဖို့တစ်ဖို့ အပြည့်ပေးတဲ့၊ ရက်ရောသော အစာရှောင်အလှူတော်စုပေးတဲ့၊ အသင်းတော်မှာ သူတို့ရဲ့ အမှုတော်ဆောင်တာဝန်တွေကို တိုးမြှင့်ဆောင်ရွက်တဲ့၊ လတိုင်းမှာ သူတို့ရဲ့မိသားစုတွေကို အိမ်သင်ဆရာများနဲ့ အလည်အပတ်သင်ဆရာများအဖြစ် အမှန်တကယ်လည်ပတ်တဲ့၊၁၁ မိသားစုညနေခင်းကို ကျင်းပတဲ့၊ ကျမ်းစာလေ့လာတဲ့၊ နေ့တိုင်းမိသားစုဆုတောင်းခြင်းပြုတဲ့သူတွေ ရှိပါသလား၊ သူတို့အထဲက ဘယ်နှစ်ယောက်များ၊ အသင်းတော်က ဝင်ရောက်ပြီး၊ သူတို့အတွက် ပြဿနာတွေကို ဖြေရှင်းပေးစရာမလိုဘဲ၊ သူတို့ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေရှိတဲ့သူတွေရှိကြပါသလား။

ကျွန်တော်ရရှိခဲ့တဲ့ထင်မြင်ချက်ကို တုန့်ပြန်ခြင်းအဖြစ်၊ ပန္နက်ဥက္ကဌတွေကို အဲဒီမေးခွန်းကို ကျွန်တော်မေးခဲ့ပါတယ်။

သူတို့လည်း ကျွန်တော့ကို တအံ့တဩနဲ့ကြည့်ပြီး ပရူးစ်၊ နင်းဂန်နို၊ လို့ဖြေကြပါတယ်၊ အဓိပ္ပယ်ကတော့ ဟုတ်ကဲ့၊ တစ်ယောက်မှ မရှိဘူး။ သူတို့က၊ အဲဒီနောက် ကျွန်တော့ကို အခုလို ပြောပြပါတယ်၊ အဲဒါတွေအားလုံးကို လုပ်ဆောင်ပြီး၊ သူတို့ဘာသာသူတို့ ဖြေရှင်းနိုင်းစွမ်းမရှိတဲ့ပြဿနာရှိသူအသင်းသားတစ်ယောက်မျှမရှိပါဘူး။ ဘာကြောင့်ပါလဲ။ သူတို့တတွေအဆင့်အမြင့်ဆုံးအိမ်တွေထဲမှာ နေကြလို့ပါဘဲ။ သူတို့ရဲ့သစ္စာရှိသော နေထိုင်မှုက သူတို့ကိုခွန်အား၊ ရူပါရုံကိုပေးတယ်၊ ပြီးတော့ သူတို့ရဲ့ဇာတိမြေရှိ စီးပွားရေးကသောင်းကနင်းဖြစ်ခြင်းမှာ ကြံ့ကြံ့ခံဖို့နဲ့ ရှင်သန်ကျန်ရစ်ဖို့ သူတို့လိုအပ်တဲ့ ကောင်းကင်ဘုံရှင်အကူအညီတွေကို ပေးပါတယ်။

ဒါက၊ ဖြောင့်မတ်တဲ့သူတွေ ဖျားမှာမဟုတ်၊ မတော်တဆဖြစ်မှာမဟုတ်၊ လုပ်ငန်းမကောင်းတာရင်ဆိုင်ရမှာမဟုတ် သို့မဟုတ် ဘဝရဲ့အခြားအခက်အခဲများစွာကို တိုက်ရမှာမဟုတ်ဘူးလို့ မဆိုလိုပါဘူး။ လူ့ဇာတိက စိန်ခေါ်မှုတွေကို အမြဲသယ်ဆောင်လာပါတယ်၊ ဒါပေမယ့် ပညတ်တော်တွေကို လိုက်နာဖို့ ကြိုးစားတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းနဲ့ မျှော်လင့်ခြင်းတို့နဲ့အတူ သူတို့ရဲ့ရှေ့လမ်းခရီးကို တွေ့ဖို့ ကောင်းချီးခံစားရကြတယ်ဆိုတာကို ကျွန်တော်အကြိမ်ကြိမ်မြင်ခဲ့ရပါတယ်။ အဲဒီကောင်းချီးတွေကို လူတိုင်း ရရှိနိုင်ပါတယ်။၁၂

ဒါဝိက ကြေညာခဲ့ပါတယ်၊ ကိုယ်တော်ရှင်သည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းအနှီး၊ လုပ်ဆောင်ကြ၏။၁၃ သင်ဘယ်မှာပဲနေနေ၊ သင့်အိမ်ကဘာနဲ့ပဲတူတူ၊ သင့်မိသားစုရဲ့အစီအစဉ်က ဘာပဲဖြစ်ဖြစ်၊ သင်ဟာသင့်မိသားစုအတွက် အဆင့်အမြင့်ဆုံးအိမ်ကို တည်ဆောက်နိုင်ပါတယ်။ ယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်က အဲဒီအိမ်အတွက် အစီအစဉ်ကို ပံ့ပိုးပေးပါတယ်။ ကယ်တင်ရှင်ဟာ စုံလင်သောအင်ဂျင်နီယာ၊ တည်ဆောက်သူနဲ့ အတွင်းပုံစံထုတ်သူဖြစ်ပါတယ်။ သူ့ရဲ့စီမံကိန်းက၊ ကျွန်တော်တို့စိတ်ဝိညာဉ်တွေရဲ့ စုံလင်ခြင်းနဲ့ ထာဝရဝမ်းမြောက်မှုဖြစ်ပါတယ်။ သူ၏ချစ်ခြင်းအကူအညီများဖြင့်၊ သင်၏ဝိညာဥ်တော်ဟာ သူအလိုရှိသည့်အတိုင်းဖြစ်လာနိုင်ပါတယ်၊ ပြီးတော့ အဆင့်အမြင့်ဆုံးအိမ်မှာနေမယ်၊ တည်ဆောက်ဖို့ပြင်ဆင်မယ်ဆိုလျှင် အဆင့်အမြင့်ဆုံးရူပါရုံကိုသင်ကိုယ်တိုင်ရရှိနိုင်ပါတယ်။

ကျွန်တော်တို့အားလုံးရဲ့ ဘုရားသခင်နဲ့အဘ အသက်ရှင်တော်မူတဲ့အကြောင်း ကျွန်တော်ကျေးဇူးတင်စွာနဲ့ သက်သေခံပါတယ်။ သူ့ရဲ့သားတော်၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်ဟာ လူသားအားလုံးတို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ကို စုံလင်စွာချစ်ပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ မြေကြီးပေါ်ရှိ ကိုယ်တော်ရှင်ရဲ့နိုင်ငံတော်ဖြစ်ပါတယ်။ အသက်ရှင်တဲ့ပရောဖက်များနဲ့ တမန်တော်များက ဒီနေ့မှာ ထိုအသင်းတော်ကို လမ်းညွှန်ကြပါတယ်။ မော်မုန်ကျမ်းက မှန်ကန်ပါတယ်။ ယေရှုခရစ်တော်၏ပြန်လည်ပြင်ဆင်ထားသောဧဝံဂေလိသတင်းစကားဟာ အဆင့်အမြင့်ဆုံးအိမ်တည်ဆောက်ဖို့အတွက် ပြီးပြည့်စုံသောစံမံချက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်ဖြင့်၊ အာမင်။