လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၅
ယေရှုခရစ်တော် ထံမှ အကူအညီရယူခြင်း: အဘယ့်ကြောင့် နှင့်အဘယ်သို့
အဘယ့်ကြောင့် ယေရှုခရစ်တော်သည် အဖြေဖြစ်ကြောင်းနှင့် သင့်အား အဘယ်သို့ကူညီနိုင်ကြောင်း နားလည်စေပါ။
ဒန်း ဝဲလ်ဆင်၏ သရုပ်ဖော်ပုံ
“ကျွန်ုပ် ဆက်ပြီးအမှားလုပ်နေသလို ခံစားရတယ်။ ဆက်ပြီးကြိုးစားဖို့ ပင်ပန်းတယ်။”
“ကျွန်ုပ်အခြေအနေကခက်ခဲတယ်။ ကျွန်ုပ်ဘယ်လိုရှေ့ဆက်ရမယ်မှန်းမသိဘူး”
“ကျွန်ုပ် အနာဂတ်အတွက်စိုးရိမ်တယ်။ အောင်မြင်ဖို့လိုအပ်တဲ့အရာတွေ ကျွန်ုပ်မှာရှိရဲ့လားမသိပါဘူး။”
“ကျွန်ုပ် အရမ်းပင်ပန်းနေတယ်၊ ဒါပေမယ့် ဆက်လုပ်စရာတွေကျန်သေးတယ်။”
သင်က ဒီပြဿနာတွေနဲ့ ဆက်စပ်ကြည့်နိုင်ပါသလား။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်မှ ဤကဲ့သို့ သွန်သင်ခဲ့ပါသည်၊ “သင့်မှာ ဘယ်လိုမေးခွန်းတွေ သို့မဟုတ် ဘယ်လိုပြဿနာတွေပဲ ရှိနေပါစေ၊ အဖြေကို ယေရှုခရစ်တော်ရဲ့ အသက်တာနဲ့သွန်သင်ချက်တွေမှာ အမြဲတွေ့နိုင်ပါတယ်”(“အဖြေကတော့အမြဲ ယေရှုခရစ်တော် ဖြစ်ပါတယ်၊” ဧပြီ၊၂၀၂၃ အထွေထွေညီလာခံ [လီယာဟိုနာ၊ မေ ၂၀၂၃၊ ၁၂၇])။
“ယေရှုခရစ်တော်ကအဖြေဖြစ်ပါတယ်၊” ဟုပြောခြင်းသည်လွယ်ကူပါသည်။ အဘယ့်ကြောင့် နှင့် အဘယ်သို့ ကိုယ်တော်သည်အဖြေဖြစ်ကြောင်း နားလည်ရန် အနည်းငယ်အားထုတ်ဖို့ လိုအပ်ပါသည်။
အဘယ့်ကြောင့် ခရစ်တော်သည် အဖြေဖြစ်ပါသနည်း။
ကယ်တင်ရှင်သည် သူ၏အပြစ်ဖြေခြင်းယဇ်ကို ခံစားခဲ့ရသောအခါ၊ အရေးကြီးသောအရာသုံးခုကို ပြုလုပ်ခဲ့ပါသည်။
-
ကိုယ်တော်သည် သေခြင်းကို အောင်နိုင်ပြီး၊ ကျွန်ုပ်တို့အား ရှင်ပြန်ထမြောက်စေခဲ့ပါသည်။
-
ကိုယ်တော်သည် ခပ်သိမ်းသောအပြစ်များအတွက် အဖိုးအခကို ပေးဆပ်ခဲ့ပြီး၊ ကျွန်ုပ်တို့အား နောင်တရစေရန်၊ တိုးတက်စေရန်နှင့် ဘုရားသခင်ထံပြန်သွားနိုင်စေရန် စွမ်းဆောင်ခဲ့ပါသည်။ ထိုအရာသည် တခြားသူများအပြစ်ကျူးလွန်သောအခါ ကျွန်ုပ်တို့ကို ခွင့်လွှတ်တတ်စေပါသည်၊ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် သူတို့၏အပြစ်များကို သူ့အပေါ်၌ခံယူခဲ့သောကြောင့်ဖြစ်ပါသည်။
-
ကိုယ်တော်သည် ခပ်သိမ်းသော နာကျင်မှုများ၊ ဆင်းရဲဒုက္ခများ၊ စုံစမ်းခြင်းများ၊ ဖျားနာခြင်းများနှင့်အနာရောဂါဝေဒနာများကို တွေ့ကြုံခံစားခဲ့ရပါသည် (ရှု အယ်လမာ ၇:၁၁–၁၃)။ ဆိုလိုသည်မှာ ကိုယ်တော်သည် သင့်အား မည်သို့ ကူညီရန်နှင့် မည်သို့ သက်သာပျောက်ကင်းစေရန် အတိအကျသိရှိပြီး အခက်အခဲများကို ကြံ့ကြံခံနိုင်ရန်နှင့် ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းရန် သင့်အားခွန်အားဖြည့်ပေးနိုင်ပါသည်။
မည်သည့်ပြဿနာဖြစ်ပါစေ၊ သင်သည် ဖြေရှင်းနည်းအား ဤအမှန်တရားသုံးခုထဲမှ တစ်ခု သို့မဟုတ် ထို့ထက်ပို၍ဖြင့် ဆက်စပ်နိုင်ပါသည်။
ဆင်းရဲနွမ်းပါးမှု။ ယေရှုခရစ်တော်သည် ခပ်သိမ်းသောအရာများကို တွေ့ကြုံခံစားခဲ့သောကြောင့်၊ ထိုအရာသည် မည်သည်နှင့်တူကြောင်း ကိုယ်တော်အတိအကျသိပါသည်။ ကိုယ်တော်သည် အတားအဆီးအား အမြဲတမ်း မဖယ်ရှားပေးပါ၊ သို့သော် သူသည် ဝန်ထုပ်ဝန်ပိုးထမ်းထားရသူများကို ခွန်အားဖြည့်ပေးနိုင်ပါသည်။ (ရှု မောဇိယ ၂၄:၁၅)။
ကျရှုံးမှု။ ခရစ်တော်သည် အပြစ်ကို အောင်နိုင်ခဲ့သောကြောင့်၊ ကျွန်ုပ်တို့၏ ကျရှုံးမှုများသည် အမြဲတစေရှိနေရန်မလိုအပ်ပါ။ နောင်တရခြင်းတွင် တိုးတက်ခြင်းနှင့် ကျွန်ုပ်တို့ဖြစ်နိုင်သည်ဟု ကိုယ်တော်ယုံကြည်ထားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခြင်းတို့ ပါဝင်ပါသည်။
ဖျားနာခြင်း။ ကိုယ်တော်သည် သေခြင်းကိုအောင်နိုင်ခဲ့သောကြောင့်၊ ကျွန်ုပ်တို့သည် ဖျားနာခြင်းနှင့်နာကျင်ခြင်းတို့ကို ခံနိုင်ရည်ရှိကာ စုံလင်သောဇာတိကိုယ်ခန္ဓာများဖြင့် ရှင်ပြန်ထမြောက်ပါလိမ့်မည်။ ခရစ်တော်သည်လည်း “ဖျားနာခြင်းတို့ကို… သူ့အပေါ်၌ခံယူလိမ့်မည်” (အယ်လမာ ၇:၁၁)၊ ထိုအရာသည် ကိုယ်တော့်အား နှစ်သိမ့်ခြင်းနှင့်ကူညီထောက်မခြင်းကို ပေးနိုင်သည့် စုံလင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်စေပါသည်။
ခရစ်တော်သည် မည်ကဲ့သို့ ကူညီနိုင်ပါသနည်း။
သို့ရာတွင် (ကိုယ်တော်သည် မည်သူဖြစ်ပြီး ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးခဲ့သည့်အရာအတွက်) ကယ်တင်ရှင်သည် အဘယ့်ကြောင့် အဖြေဖြစ်ကြောင်း သိရှိသောအခါ၌ပင်၊ ကိုယ်တော်ထံမှ အကူအညီနှင့်ခွန်အား အဘယ်သို့ ရယူရမည်ကို သိရှိရန်လိုအပ်ပါသေးသည်။ ဤသည်မှာ နည်းလမ်းအနည်းငယ်ဖြစ်ပါသည်၊
ဆုတောင်းခြင်း။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းခြင်းဖြင့်၊ ကျွန်ုပ်တို့ကဲ့သို့ စုံလင်ခြင်းမရှိသောသူများသည် စုံလင်ခြင်းရှိသော ဘုရားသခင်နှင့် စကားပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် မည်သည့်အခြေအနေ၌ဖြစ်စေ ကျွန်ုပ်တို့လိုအပ်သောခွန်အားကို တောင်းခံနိုင်ပြီး၊ ဘုရားသခင်သည် အဖြေပြန်ပေးပါလိမ့်မည်—ကျွန်ုပ်တို့လိုချင်သော သို့မဟုတ် မျှော်လင့်သော နည်းလမ်းဖြင့် အမြဲတမ်းမဟုတ်သော်လည်း၊ ကျွန်ုပ်တို့ကို ကောင်းချီးပေးမည့် နည်းလမ်းဖြင့်ဖြစ်ပါသည်။ ကယ်တင်ရှင်၏ဖိတ်ခေါ်ခြင်းသည် အမှန်တကယ်ဖြစ်ပါသည်၊ “တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်”(ရှင်ယောဟန် ၁၆:၂၄၊ ၃ နီဖိုင်း ၂၇:၂၉၊ ဩဝါဒနှင့်ပဋိညာဉ်များ ၄:၇)။
သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး။ ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ရည်ရွယ်ချက်ဖြင့် ပေါင်းစည်းကြပါသည်။ သူတို့သည် အတူတကွအလုပ်လုပ်ကြပါသည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်မှ လမ်းညွှန်မှု သို့မဟုတ် နှစ်သိမ့်မှုကိုခံစားရသည့်အချိန်တိုင်း၊ ခရစ်တော်သည်လည်း သင့်အားကူညီနေကြောင်း သင်နားလည်နိုင်ပါသည်။
ပဋိညာဉ်များကို ထိန်းသိမ်းခြင်း။ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင် အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန်မှ သွန်သင်ခဲ့ပါသည်၊ “ပဋိညာဉ်လမ်းကြောင်းဆိုတဲ့ အခေါ်အဝေါ်က ကျွန်တော်တို့ ခရစ်တော်ဆီကို သွားပြီး သူ့ဆီ ဆက်သွယ်တဲ့အခါ အသုံးပြုတဲ့ ပဋိညာဉ်အစဉ်လိုက်ဖြစ်ပါတယ်။ ဤပဋိညာဉ်ချိတ်ဆက်မှုအားဖြင့်၊ ကျွန်ုပ်တို့က ကိုယ်တော်ရှင်ရဲ့ထာဝရတန်ခိုးကို ရရှိနိုင်ပါတယ်” (ဧပြီ၊ ၂၀၂၃ အထွေထွေညီလာခံ [လီယာဟိုနာ၊ မေ ၂၀၂၃၊၃၆])။
ကျေးဇူးတော်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ထံ၌ ယုံကြည်ခြင်းကိုကျင့်သုံးပြီး နောင်တရသည့်အခါ၊ ကျွန်ုပ်တို့ ကိုယ်တိုင် မစွမ်းဆောင်နိုင်သောအရာများကို ပြီးမြောက်ရန်အတွက် ထပ်ဆောင်းအကူအညီနှင့် ခွန်အား (ကျေးဇူးတော်ဟုလည်းခေါ်ပါသည်) ကိုရရှိနိုင်ပါသည် (ရှု ကျမ်းစာလမ်းညွှန်၊ “ကျေးဇူးတော်”). ဤခွန်အား၊ သို့မဟုတ် ကျေးဇူးတော်သည် နည်းလမ်းအမျိုးမျိုးဖြင့်ရောက်ရှိလာနိုင်ပါသည်၊ သန့်ရှင်းသောဝိညာဉ်တော်မှ၊ မိတ်ဆွေတစ်ဦးမှ၊ သူစိမ်းတစ်ဦးမှ၊ ခံစားချက်တစ်ခုမှ။ အခြေခံအားဖြင့်၊ ကောင်းမြတ်သောအရာတိုင်း ခရစ်တော်ထံမှလာခြင်းဖြစ်ပါသည် (ရှု မော်ရော်နိုင်း ၇:၂၂)။ သင်သည် စိတ်ရှည်မှုအနည်းငယ်၊ စွမ်းအင်အနည်းငယ်၊ ကြံ့ကြံ့ခံနိုင်ရန် ခွန်အားအနည်းငယ်ပို၍ရှာတွေ့သည့်အခါ၊ ခရစ်တော်သည် သင့်အားကူညီနေကြောင်း အသိအမှတ်ပြုပါ။
အဘယ့်ကြောင့်နှင့်အဘယ်သို့ ဖြစ်ကြောင်း အောက်မေ့သတိရပါ
ထို့ကြောင့် သင်သည် နောက်တစ်ကြိမ်တွင် မေးခွန်းတစ်ခု သို့မဟုတ် ပြဿနာတစ်ခုအတွက် အဖြေတစ်ခုလိုအပ်သည့်အခါ၊ ခရစ်တော်ကို မှီခိုအားကိုးပါ။ ကိုယ်တော်သည် အပြစ်၊ သေခြင်းနှင့် သေခြင်းရှိရာဘဝနှင့်သက်ဆိုင်သော တခြားစိန်ခေါ်မှုများအားလုံးကို အောင်နိုင်ခဲ့သည့်အတွက် မဖြစ်နိုင်သောအရာမရှိကြောင်း အောက်မေ့သတိရပါ။ ကိုယ်တော်သည် သင့်အားမည်ကဲ့သို့ ကောင်းချီးပေးနိုင်ကြောင်း ရှာဖွေပါ၊ သင်၏အသက်တာတွင် သူ၏လွှမ်းမိုးမှုကို မြင်ရပါလိမ့်မည်။ ကိုယ်တော်သည် သင့်အား လေးနက်စွာချစ်ပါသည်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, April 2025. ၏ဘာသာပြန် Burmese. 19625 256