လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၅
စုံလင်သောအရင်းအမြစ်မှအကူအညီ
သင်သည် မည်သည့်အခက်အခဲများကိုပင် တိုက်လှန်နေပါစေ၊ ယေရှုခရစ်တော်သည် သူ့ထံသို့ သင်လှည့်သောအခါ သင့်ကို ကူညီပေးပါလိမ့်မည်။
The Pattern၊ ဂျနတ် ဘိုးရပ် မှ
တစ်ချိန်မဟုတ်တစ်ချိန်မှာ ကျွန်တော်တို့အားလုံး အကူအညီ အနည်းငယ်လိုအပ်ပါသည်။ တစ်ခါတစ်ရံမှာ အကူအညီ အမြောက်အမြား လိုအပ်ပါသည်။ အမှန်တရားမှာတော့ ဘဝဟာ များသောအားဖြင့် သင်တစ်ယောက်ထဲ မသွားဖို့ ကြိုးစားသောအခါ ပိုကောင်းလာတတ်ပါသည်။
ယေရှုခရစ်တော်သည် သင့်၏စုံလင်တဲ့ အကူအညီ၊ မျှော်လင့်ချက်နှင့် ခွန်အားများ၏ အရင်းအမြစ် ဖြစ်ပါသည်။ သူသည် သင့်ကို ပိုကောင်းအောင် ပြောင်းလဲဖို့လည်း ကူညီပေးနိုင်ပါသည်—သင်ဖြစ်နိုင်မည်လို့ မထင်ခဲ့သော နည်းလမ်းများနှင့်တောင် ဖြစ်နိုင်ပါသည်။
စိတ်နှလုံးပြောင်းလဲခြင်း
သင့်ရန်သူများ၏ စိတ်နှလုံးကို ဘုရားသခင် ပျော့ပျောင်းပေးစေဖို့ သင်ဆုတောင်းဖူးပါသလား။ ထိုသို့ဆုတောင်းဖူးလျှင်၊ ကောင်းတဲ့သူများလည်း သင့်လိုပဲ အလားတူ ကြုံတွေ့ခဲ့ရပါသည်။ (ရှု ၃ နီဖိုင်း ၁၂:၄၄၊ မော်ရော်နိုင်း ၇:၄၈)။ ထိုတူညီသောမော်မုန်ကျမ်းသဘောတရားထဲမှာပါသော ရန်သူတွေ (လက်နက်များနှင့် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသော ရန်သူများ) သင့်မှာမရှိရင်တောင်၊ သင့်ကို ကောင်းကောင်းမဆက်ဆံတဲ့သူတစ်ယောက်၏ စိတ်နှလုံးကို ဘုရားသခင် ပျော့ပျောင်းပေးစေဖို့ သင်ဆုတောင်းခဲ့တာ ဖြစ်နိုင်ပါသည်။
သို့သော် သင်၏ စိတ်နှလုံးကို ပျော့ပျောင်းစေဖို့ ဘုရားသခင်ထံ ဆုတောင်းပြီး တောင်းလျှောက်ဖို့ သင်စဉ်းစားဖူးပါသလား။ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ သင်အခက်တွေ့နေတာ ဖြစ်နိုင်ပါသည်။ သို့မဟုတ် သင်မဖြစ်ချင်ပေမယ့်၊ သင့်ဒေါသကိုမထိန်းနိုင်ဘူး။ သို့မဟုတ် တစ်ခါတစ်ရံ သင့်၏မောင်နှမများက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပေမည့် သူတို့အပေါ် ပိုကြင်နာမှုကို သင်ခံစားပြသချင်ပါသည်။
“[ယေရှုခရစ်တော်] သည် သင့်စိတ်နှလုံး နှင့် သင့်ဘဝကို ပြောင်းလဲပေးပါလိမ့်မည်။ တဖြည်းဖြည်းချင်း၊ သင်တိုးတက်လာပြီး သူကဲ့သို့ဖြစ်လာပါလိမ့်မည်။ သူနှင့် သင့်၏ပဋိညာဉ်ဆက်စပ်မှုသည် သူ၏တန်ခိုးတော်ကို သင်ပိုမိုရရှိစေလိမ့်မည်” (For the Strength of Youth: A Guide for Making Choices [၂၀၂၂]၊ ၈၊ အထူးအလေးပေးထည့်သွင်းထားသည်)။
ထိုအရာသည် ကြီးမြတ်သောကတိတော်တစ်ခု မဟုတ်ပေဘူးလား။ သင် မည်သည့်အရာနှင့်ဖြစ်ဖြစ် ရုန်းကန်နေရပါစေ၊ သင့်ကိုယ်ပိုင်စိတ်နှလုံးပင် ယေရှုခရစ်တော် ကူညီပေးနိုင်ပါသည်။ ယနေ့ သူ့ထံ သင်ဘယ်လိုလှည့်လာနိုင်ပါသလဲ။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, February 2025. ၏ဘာသာပြန် Burmese. 19621 256