ဗိမာန်တော်၌ပြုသည့်ကတိတော်များသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့်သော်လည်းကောင်း အချင်းချင်းသော်လည်းကောင်း ချည်နှောင်ပေးပါသည်

ယေရှုခရစ်တော်၏ယဇ်ကြောင့်၊ ကျွန်ုပ်တို့သည် ဤဘဝပြီးနောက် ချစ်ရသူများနှင့် ဘုရားသခင်နှင့်အတူတကွ တဖန်ပြန်လည် နေထိုင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်ပဋိညာဉ်များ၊ သို့မဟုတ် ကတိတော်များပြုခြင်းဖြင့် ကိုယ်တော့်နောက်သို့ လိုက်လျှောက်ရန် ရွေးချယ်နိုင်ပါသည်။
Both men and women walking outside the Accra Ghana Temple

ဗိမာန်တော်ဆိုသည်မှာအဘယ်နည်း။

ဗိမာန်တော်များသည် သန့်ရှင်းမွန်မြတ်သောနေရာများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ဗိမာန်တော်များကို သခင်ယေရှုခရစ်တော်၏ အိမ်တော်များအဖြစ် သတ်မှတ်ကြပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့ တနင်္ဂနွေဝတ်ပြုခြင်းနှင့်တခြားလှုပ်ရှားမှုများအတွက် အသုံးပြုသော ဒေသဘုရားကျောင်းအဆောက်အအုံများနှင့်မတူပါ။ ဗိမာန်တော်များကို ဘုရားသခင်၏သန့်ရှင်းမွန်မြတ်သောအမှုတော်အတွက် ဆပ်ကပ်ထားခြင်းဖြစ်ပါသည်။

ဗိမာန်တော်များတွင် သင်္ကေတအမှတ်လက္ခဏာများဖြင့် ပြည့်နှက်နေပါသည်။ ဥပမာအားဖြင့်၊ ဗိမာန်တော်သို့တက်ရောက်သူများသည် ဘုရားသခင်ရှေ့၌ စင်ကြယ်ခြင်းနှင့်ညီမျှခြင်းကို ဖော်ဆောင်သည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကြပါသည်။ ဗိမာန်တော်များသည် ယေရှုခရစ်တော်၏နောက်လိုက်များ ဘုရားသခင်နှင့် ပိုမိုလေးနက်စွာဆက်သွယ်နိုင်မည့် သန့်ရှင်းသော၊ ငြိမ်‌သက်သော ခိုလှုံရာဖြစ်ပါသည်။

အရေးကြီးဆုံးမှာ၊ ဗိမာန်‌တော်များသည် ကျွန်ုပ်တို့ ဘုရားသခင်နှင့် သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြုလုပ်နိုင်သည့် နေရာများဖြစ်ပါသည်။
An exterior image of the Helena Montana Temple. The image is taken in the evening.

ပဋိညာဉ်ဆိုသည်မှာ အဘယ်နည်း။

ပဋိညာဉ်များအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဆက်ဆံရေးခိုင်မာစေနိုင်ပြီး ကိုယ်‌တော်ရှင်ထံမှ ထူးကဲသောကောင်းချီးများကို လက်ခံရရှိနိုင်ပါသည်။ ပဋိညာဉ်ဆိုသည်မှာ ဘုရားသခင်နှင့်သူ၏သားသမီးများအကြား ပြုလုပ်သည့် သန့်ရှင်းမွန်မြတ်သော ကတိတော်ဖြစ်ပါသည်။ ဘုရားသခင်သည် ပဋိညာဉ်အတွက်အခြေအနေများကို သတ်မှတ်ပေးပြီး ကျွန်ုပ်တို့အား လက်ခံရန် ရွေးချယ်ခွင့်ကို ပေးထားပါသည်။
ဗတ္တိဇံခံခြင်းအား ဥပမာအဖြစ် အသုံးပြုကြပါစို့။

Jesus Christ is baptized in the River Jordan by John the Baptist. An angel shows this experience to Nephi after he inquires about Lehi's vision.
ကျွန်ုပ်တို့ ဗတ္တိဇံခံသည့်အခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်အား အစေခံမည်ဖြစ်ကြောင်း၊ သူ၏ပညတ်တော်များကို စောင့်ထိန်းမည်ဖြစ်ကြောင်းနှင့်၊ ယေရှုခရစ်တော်၏နာမတော်ကို ကျွန်ုပ်တို့အပေါ်၌ ခံယူမည်ဖြစ်ကြောင်း ဘုရားသခင်နှင့်ကတိတော်ပြုခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤအရာများကိုပြုလုပ်ခဲ့လျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ရန်၊ ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ကောင်းချီးပေးရန်နှင့်၊ သူ၏မျက်မှောက်တွင် ကျွန်ုပ်တို့အား ထာဝရအသက်ကိုပေးရန် ကတိတော်ပြုပါသည်။

ကျွန်ုပ်တို့သည် ဗတ္တိဇံခြင်း၌ ပြုလုပ်ခဲ့သည့် ပဋိညာဉ်များကို တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတွင် မိတ်သဟာရဖွဲ့ခြင်းဟုလည်းခေါ်ဆိုကြသည့် ပွဲတော်မင်္ဂလာစားသုံးကြသောအခါ အသစ်ပြန်လည်ခံယူကြပါသည်။ ဤပွဲတော်မင်္ဂလာသည် ယေရှုခရစ်တော်၏သေဆုံးခြင်းမတိုင်မီ သူ၏တမန်တော်များကို မိတ်ဆက်ပေးခဲ့သည့် နောက်ဆုံးသောညစာ၏ပုံစံကို အခြေခံထားပါသည်။

ဗတ္တိဇံခံပြီးနောက်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အရွယ်ရောက်အသင်းသားများသည် ဗိမာန်တော်တွင် ဘုရားသခင်နှင့်ထပ်လောင်းပဋိညာဉ်များ ပြုလုပ်နိုင်ပါသည်။ ဤပဋိညာဉ်များနှင့်ကတိတော်များသည် ကိုယ်တော်ရှင်နှင့်၎င်းတို့၏ဆက်ဆံ‌ရေးကို ခိုင်မာစေပြီး ပိုမိုကြီးမြတ်သောကောင်းချီးများကိုပင် ယူဆောင်လာနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဗိမာန်တော်တွင် ပဋိညာဉ်များပြုကြပါသည်။

ဝိညာဉ်ပကတိအပ်နှင်းခြင်း

ဝိညာဉ်ပကတိအပ်နှင်းခြင်း ဆိုသည်မှာ “ဆုကျေးဇူး”ဟု အဓိပ္ပာယ်ရပါသည်။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းတွင်၊ အရွယ်ရောက်အသင်းသားများသည် ဘုရားသခင်၏ ပညတ်တော်များကို နာခံရန်နှင့် ကိုယ်တော်ရှင်၏အမှုတော်၌ သူတို့၏အချိန်နှင့် ပင်ကိုယ်စွမ်းရည်များကို ဆပ်ကပ်ရန် ပါဝင်သည့်၊ တည်ကြည်လေးနက်သော ပဋိညာဉ်များကို ပြုကြပါသည်။ အပြန်အလှန်အားဖြင့်၊ အသင်းသားများသည် ဘုရားသခင်၏အစီအစဉ်နှင့်ပတ်သက်သည့် ပိုမိုကြီးမားသည့်အသိပညာ၊ ခရစ်တော်၏ပုံဥပမာနောက်သို့လိုက်လျှောက်ရန် တိုးပွားလာသောခွန်အားနှင့် ဘုရားသခင်နှင့်ထာဝရနေထိုင်ခွင့်ကဲ့သို့သော ကောင်းချီးများကို လက်ခံရရှိကြပါသည်။

တံဆိပ်ခတ်ခြင်း

ယေရှုခရစ်တော်၏ဧဝံဂေလိကြောင့် အံ့ဖွယ်ဝမ်းမြောက်ဖွယ်ရာတစ်ခုမှာ မိသားစုနှောင်ကြိုးများသည် ကျွန်ုပ်တို့၏သေခြင်းရှိရာဘဝများကို ကျော်လွန်၍ ဆက်လက်တည်မြဲနိုင်သည်ဟူသော ကတိတော်ဖြစ်ပါသည်။ ဗိမာန်တော်ထဲတွင်၊ မိသားစုများသည် ထာဝရအတွက် ဆက်သွယ်ခြင်း သို့မဟုတ် “တံဆိပ်ခတ်ခြင်း” ပြုလုပ်ကြပါသည်။

ထိမ်းမြားတံဆိပ်ခတ်ခြင်းအခမ်းအနားတစ်ခုတွင်၊ ခင်ပွန်းနှင့်ဇနီးသည်တို့သည် ယဇ်ပလ္လင်ရှေ့တွင် တစ်ဖက်တစ်ချက်စီဒူးထောက်လျက် ဘုရားသခင်နှင့်သော်လည်းကောင်း အချင်းချင်းသော်လည်းကောင်း ပဋိညာဉ်များပြုကြပါသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး အပြည့်အဝချစ်ခင်လေးစားကြပြီး ယေရှုခရစ်တော်၏သွန်သင်ချက်များနှင့် ပုံဥပမာနောက်လိုက်လျှောက်ရန် ကတိသစ္စာပြုကြပါသည်။ အပြန်အလှန်အားဖြင့်၊ သူတို့၏ အိမ်ထောင်ရေးနှင့်မိသားစုသည် ထာဝရတည်တံ့မည်ဟု ကတိတော်ပြုခြင်းခံရပါသည်။
Young couple stands outside the Ogden Utah Temple. They are looking out at the temple in the background with the Angel Moroni being almost top center of the image. He is wearing a dark blue suit with white collared shirt. She is in a white dress. It is late afternoon/early evening.

ကွယ်လွန်သွားသည့်ဘိုးဘေးများကိုယ်စားဆောင်ရွက်ခြင်း

မထိန်းချုပ်နိုင်သောအခြေအနေများကြောင့် သူ၏သားသမီးများအား ထာဝရကောင်းချီးများမှ ငြင်းပယ်မည်မဟုတ်သည့် တရားမျှတ၍ကရုဏာတော်ပြည့်ဝသော ဘုရားသခင်အား ကျွန်ုပ်တို့ယုံကြည်ပါသည်။

ဗိမာန်တော်ထဲတွင်၊ ကျွန်ုပ်တို့သည် ဗတ္တိဇံများ၊ ဝိညာဉ်ပကတိအပ်နှင်းခြင်းများနှင့် တံဆိပ်ခတ်ခြင်းစသည့် ဘိသိက်မင်္ဂလာများကို သူတို့မသေဆုံးက လက်ခံခွင့်မရရှိခဲ့သော ဘိုးဘေးများကိုယ်စားပြုလုပ်ကြပါသည်။ ဤအမှုတော်တွင်၊ အသက်ရှင်သူတစ်ဦးက သေဆုံးသူတစ်ဦးအတွက် အစားထိုးသူ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ပေးပါသည်။

ဤသန့်ရှင်းမွန်မြတ်သောအခမ်းအနားများကို ဗိမာန်တော်များတွင်သာ ‌ဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ဘိုးဘေးများသည် ၎င်းတို့အတွက်ချစ်ခြင်းမေတ္တာဖြင့်ပြုလုပ်သော ဤဆောင်ရွက်မှုကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ‌ရွေးချယ်နိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါသည်။

ယေဘုယျမေးခွန်းများ

  • ဘုရားကျောင်းများကို တနင်္ဂနွေဝတ်ပြုခြင်း၊ ရက်သတ္တပတ် လူငယ်လှုပ်ရှားမှုများ၊ လူမှုရေးစုဝေးပွဲများနှင့် အခြားရပ်ရွာပွဲများအတွက် အသုံးပြုပြီး၊ ဗိမာန်တော်များကို သန့်ရှင်းမွန်မြတ်သောအမှုတော်များနှင့် အခမ်းအနားများအတွက် အထူးသီးသန့်ခွဲထားပါသည်။
  • သင်သည် ဗိမာန်တော်ကို “ဘုရားသခင်၏အိမ်တော်” ဟူသော စာတန်းဖြင့် အလွယ်တကူမှတ်မိနိုင်ပြီး၊ သာမန်ဘုရားကျောင်းများတွင် “လာရောက်လည်ပတ်သူများအား ကြိုဆိုပါသည်” နှင့် “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်” ဟူသောစာတန်းများပါရှိပါလိမ့်မည်။
  • ဘုရားကျောင်းများတွင် အုပ်စုလိုက်လှုပ်ရှားမှုများ နှင့် အသိုင်းအဝိုင်းတည်ဆောက်ခြင်းများသည် အဓိကဖြစ်သော်လည်း၊ ဗိမာန်တော်များတွင်မူ ထူးခြားလေးမြတ်သော ရိုသေခြင်းရှိပါသည်။ ဗိမာန်တော်များတွင်၊ လူများသည် ကိုယ်‌‌တော်ရှင်အား ရိုသေလေးစားမှုထားရှိရန် တိတ်ဆိတ်ငြိမ်သက်ကြပြီး လေးနက်စွာအာရုံပြုဆင်ခြင်လေ့ရှိပါသည်။
သင်သည် တစ်ခါတစ်ရံ ဗိမာန်တော်ထဲသို့ ဝင်နိုင်ပါသည်။ ဗိမာန်‌တော်များကို ပထမဆုံး‌‌‌တည်ဆောက်သောအခါ၊ သို့မဟုတ် အကြီးစားမွမ်းမံမှုများပြုလုပ်ပြီးချိန်တွင်၊ ပြည်သူလူထုအတွက် ဖွင့်လှစ်ပြသပွဲများ ကျင်းပလေ့ရှိပါသည်။ ၎င်းအပြင်၊ ဗိမာန်တော်အများအပြားတွင် လည်ပတ်သူများအတွက်စင်တာများ၊ စောင့်ဆိုင်းရာနေရာများ၊ သို့မဟုတ် လူတိုင်းအတွက်ဖွင့်ပေးထားသည့် ရင်ပြင်များလည်းရှိပါသည်။

ဗိမာန်တော်ပြီးမြောက်ပြီးနောက်တွင်၊ ၎င်းကို မြင့်မြတ်သောဝတ်ပြုခြင်းအတွက် ဆက်ကပ်လိုက်ပါသည်။ ဗိမာန်တော်တွင်‌ဆောင်ရွက်သောအမှုတော်များ၏ သန့်ရှင်းမြင့်မြတ်သည့်သဘောသဘာဝကြောင့်၊ ဗိမာန်တော်ဝင်ခွင့်အတွက် ပြင်ဆင်ထားသော ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းသားများကိုသာ ဗိမာန်တော်သို့ဝင်ခွင့်ပြုပါသည်။

သင်သည် ယခုအချိန်တွင် ဗိမာန်တော်အတွင်းသို့ ဝင်ရောက်ခွင့် မရနိုင်သော်လည်း၊ ဘုရားသခင်၏ သားသမီးအားလုံးသည် ယေရှုခရစ်တော်၏ ဧဝံဂေလိအကြောင်း ပိုမိုလေ့လာသင်ယူရန် နှင့် ဗိမာန်တော်၏ကောင်းချီးမင်္ဂလာများကို အပြည့်အဝခံစားရရှိစေမည့် ပဋိညာဉ်ဆက်ဆံရေးများထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းခံရပါသည်။
တိုတောင်းပြီး ရိုးရှင်းသည့်အခမ်းအနားအတွင်းတွင်၊ သတို့သမီးနှင့် သတို့သားသည် ယဇ်ပလ္လင်ပေါ်တွင် လက်ချင်းချိတ်ထားကြပါသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး အပြည့်အဝချစ်ခင်လေးစားကြပြီး ယေရှုခရစ်တော်၏သွန်သင်ချက်များနှင့် ပုံဥပမာနောက်လိုက်လျှောက်ရန် ကတိသစ္စာပြုကြပါသည်။ အပြန်အလှန်အားဖြင့်၊ ၎င်းတို့၏အိမ်ထောင်ရေးနှင့်မိသားစုသည် ထာဝရတည်တံ့မည်ဖြစ်ကြောင်း ကတိတော်ပြုခြင်းခံရပါသည်။

ဗိမာန်တော်တွင် ထိမ်းမြားပြီးသောစုံတွဲများသည် မိသားစုများနှင့်မိတ်ဆွေများဖြင့် မင်္ဂလာဧည့်ခံပွဲအခမ်းအနား သို့မဟုတ် တခြားရိုးရာယဉ်ကျေးမှုများကို ဆက်လက်ကျင်းပကြပါသည်။ ဗိမာန်တော်ပြင်ပ အရပ်ဘက်အခမ်းအနားများတွင် ယခင်လက်ထပ်ပြီးသားစုံတွဲများ (၎င်းတို့လက်ထပ်ပြီးနောက်မှအသင်းတော်တွင်ပါဝင်ခဲ့ကြသူများ) သည်လည်း ဗိမာန်တော်တွင် တံဆိပ်ခတ်ခြင်းကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ပါသည်။

သင့်မိသားစုသည် ထာဝရ အတူတကွရှိနိုင်ပါသည်။

သာသနာပြုများသည် သင့်အသက်တာ၏တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည့် ထာဝရမိသားစုအတွက်ကတိတော်အပါအဝင် ဗတ္တိဇံခံခြင်းနှင့်ဗိမာန်တော်ပဋိညာဉ်များ၏ကောင်းချီးများကို သင့်အားပိုမိုသင်ကြားပေးနိုင်ပါသည်။
အလည်လာရန် တောင်းဆိုပါ
Leaving Church Domain
You are about to leave our site. The new site has its own terms of use and privacy policy that differ from ChurchofJesusChrist.org