ဘုရားသခင်သည် သမ္မာတရားအားလုံး၏ ရင်းမြစ်ဖြစ်ပါသည်
သမ္မာတရားအတွက် ဘုရားသခင်၊ ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်နှင့်၊ သန့်ရှင်းသောဝိညာဥ်တော်တို့ကို ကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့၏ယုံကြည်မှု၊ ဘုရားသခင်သည်သမ္မာတရား၏ ရင်းမြစ်ဖြစ်ပါသည်
တစ်ခါတစ်ရံတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်တာများအကြောင်း ရှုပ်ထွေးခြင်း သို့မဟုတ် အနာဂတ်အတွက် မသေချာခြင်းတို့ကို ခံစားရနိုင်ပါသည်။ သမ္မာတရား၏ရင်းမြစ်ဖြစ်ကြသည့်၊ ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ဘုံရှင်အဘနှင့် သူ၏သားတော်၊ ယေရှုခရစ်တော်တို့နှင့်အတူ ကျွန်ုပ်တို့၏ရှေ့ဆက်ရန်လမ်းကို ရှာနိုင်ပါသည်။
သမ္မာတရားဆိုသည်မှာ အဘယ်နည်း။
သမ္မာတရားသည် အကြောင်းအရာတို့အား သူတို့၏အမှန်တရားအတိုင်း သိခြင်းဖြစ်ပါသည်။ ဥပမာ၊ ဘုရားသခင်သည် သင့်အားချစ်ပြီး သင်၏ဘဝပြောင်းလဲရန် ကူညီပေးနိုင်ခြင်းသည် မှန်ကန်ပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့အား အတွင်းကျကျသိပြီး၊ မှန်ကန်သောအရာကို ကျွန်ုပ်တို့သတိပြုမိစေရန် ကူညီဖို့ ကိုယ်တော်ကသန့်ရှင်းသောဝိညာဥ်တော်ကို အသုံးပြုပါသည်။
ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်မှောင်မိုက်၌မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်။
ယေရှုသည် ကျွန်ုပ်တို့မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်း ပြီးပြည့်စုံသော ပုံသက်သေဖြစ်ပါသည်။ ကိုယ်တော်၏သင်ကြားမှုများသည် ကျွန်ုပ်တို့အား ငြိမ်းချမ်းခြင်းကိုညွှန်ပြနိုင်သည့် လမ်းညွှန်အလင်းသဖွယ် ပြုမူပါသည်။ ယေရှုခရစ်တော်ကို လိုက်လျှောက်လိုသည့်သူတိုင်းသည် ဤအလင်းကိုရနိုင်သည်၊ သူ့အားရှာဖွေသူတိုင်းသည်ရှာတွေ့ကြလိမ့်မည်ဟု ကိုယ်တော်သည် ကတိတော်ပေးထားပါသည်။
သန့်ရှင်းသောဝိညာဥ်တော်သည် ကျွန်ုပ်တို့အားကူညီပေးပါသည်
သန့်ရှင်းသောဝိညာဥ်တော်သည် ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဥ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် နီးလာစေရန်ကူညီပေးနိုင်သည့် နည်းလမ်းများစွာရှိပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၊
- နှစ်သိမ့်ခြင်း (ရှု
ရှင်ယောဟန် ၁၄:၁၆-၁၇၊၂၆ ၊မော်ရော်နိုင်း ၈:၂၆ ၊သြဝါဒနှင့်ပဋိညာဥ်များ ၃၆:၂ )။ - သမ္မာတရားအား ဖော်ပြပြီး သက်သေခံခြင်း (ရှု
၂ နီဖိုင်း ၃၂:၄-၅ ၊အယ်လမာ ၅:၄၆-၄၇ ၊သြဝါဒနှင့် ပဋိညာဥ်များ ၈:၂-၃ )။ - ခမည်းတော်နှင့်သားတော်အား သက်သေခံခြင်း (ရှု
ရှင်ယောဟန် ၁၅:၂၆ ၊၃နီဖိုင်း ၁၁:၃၂၊ ၃၆ )။ - သန့်ရှင်းစင်ကြယ်စေခြင်းနှင့် သန့်ရှင်းခြင်း (ရှု
အယ်လမာ ၁၃:၁၀-၁၂ ၊၃ နီဖိုင်း ၂၇:၁၉-၂၀ ၊မော်ရော်နိုင်း ၆:၄ )။
မည်သည့်အရာမှန်ကန်ကြောင်း ကျွန်ုပ်မည်ကဲ့သို့ သိနိုင်ပါမည်နည်း။
သင်၏ချစ်လှစွာသော ကောင်းကင်ဘုံရှင်အဘထံ ဆုတောင်းပါ
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့ထံမှ ကြားချင်ပါသည်။ ကျွန်ုပ်တို့ဆုတောင်းသည့်အခါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား အဖြေများနှင့် လမ်းညွှန်မှုပေးမည်ဖြစ်ကြောင်း ကတိတော်ပေးထားပါသည်။သမ္မာကျမ်းစာတွင် ယေရှုသည် ကျွန်ုပ်တို့အား မည်ကဲ့သို့ဆုတောင်းရမည်ကို သွန်သင်ပေးခဲ့သည် (
ယုံကြည်ခြင်းပြည့်ဝမှုရှိပါ
သမ္မာကျမ်းစာက “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။”ဟု သွန်သင်ထားပါသည် (သန့်ရှင်းသောဝိညာဥ်တော်ကို သတိပြုပါ
ဘုရားသခင်သည် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့နှင့် နည်းလမ်းပေါင်းများစွာဖြင့် ဆက်သွယ်ပါသည်။ သမ္မာကျမ်းတွင်၊ ၎င်းကို “ဖြည်းညှင်းသောအသံ” ကဲ့သို့မကြာခဏဖော်ပြသည် (ရှု- ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ကောင်းမြတ်ခြင်းတို့၏ ခံစားချက်များ(
ဂလာတိ ၅:၂၂-၂၃ )။ - သင့်ဘဝအတွက် ရှင်းလင်းမှုနှင့် လမ်းညွှန်မှု (
သြဝါဒနှင့်ပဋိညာဥ်များ ၈:၂-၃ )။ - သင်၏စိတ်ထဲမှအတွေးများနှင့် နှလုံးသားထဲမှခံစားချက်များ (
၁ ကောရိန္သု ၂:၉–၁၁{၁၄})။ - မှောင်မိုက်ခြင်းအား အလင်းဖြင့်အစားထိုးခြင်း (
အယ်လမာ ၁၉:၆ )။
ကယ်တင်ရှင်၏ပုံသက်သေကို လိုက်လျှောက်ခြင်း
ယေရှုသည် ကျွန်ုပ်တို့အားလုံးအတွက် ပုံသက်သေပြုခဲ့ပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိလိုပါက၊ ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်နိုင်ပြီး သူပြုခဲ့သည့်အတိုင်း လုပ်ဆောင်နိုင်ပါသည်။ဤသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါသနည်း။
- တခြားသူများနှင့် ဘုရားသခင်အား ချစ်ခြင်းနှင့် မေတ္တာပြသပါ။
- ထိုလုပ်ဆောင်ချက်များက သင့်အားမည်သို့ခံစားစေရကြောင်း ကြည့်ပါ။
- ထိုလုပ်ဆောင်ချက်များက သင်၏ဘဝကိုမည်သို့ပြောင်းလဲစေနိုင်ကြောင်း သုံးသပ်ပါ။
သင့်တွင် မေးခွန်းများထပ်ရှိပါသေးသလား။
သာသနာပြုများအဖြစ် ၎င်းတို့၏အချိန်များကို စေတနာ့ဝန်ထမ်းလုပ်ဆောင်သော ကျွန်ုပ်တို့၏အသင်းတော်မှ အသင်းသားများသည် လမ်းပြလှုံ့ဆော်မှုရှိသော သတင်းစကားများကို ဝေငှရန်နှင့် သင့်မေးခွန်းများကို ကိုယ်တိုင်ကိုယ်ကျဖြေဆိုနိုင်ရန် သင်နှင့် အွန်လိုင်းတွင် သို့မဟုတ် လူချင်းဖြစ်စေ တွေ့ဆုံနိုင်ပါသည်။