“ပဋိညာဉ်တွေက ကျွန်တော်တို့ကို ဘုရားသခင်နဲ့ဆက်သွယ်ပေးပါတယ်၊” လီယဟိုနာ၊ ဖေဖော်ဝါရီ ၂၀၂၂
လစဉ် လီယဟိုနာ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၂
ပဋိညာဉ်တွေက ကျွန်တော်တို့ကို ဘုရားသခင်နဲ့ဆက်သွယ်ပေးပါတယ်
ပဋိညာဉ်တွေကိုပြုခြင်းနဲ့စောင့်ထိန်းခြင်းက ကောင်းချီးမင်္ဂလာတွေကို ဖြစ်စေပါတယ်။
ပဋိညာဉ်ဆိုတာ ဘုရားသခင်နဲ့ သူ့သားသမီးတွေကြားမှာပြုတဲ့ ကတိတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့သူနဲ့ပြုတဲ့ပဋိညာဉ်တွေအတွက် သူကပြဋ္ဌာန်းချက်တွေချထားပါတယ်။ ကျွန်တော်တို့ဟာ သူခိုင်းတဲ့အရာကို လုပ်ဆောင်တဲ့အခါ ကောင်းချီးမင်္ဂလာများစွာရရှိနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ပဋိညာဉ်တွေပြုပြီးစောင့်ထိန်းကြတဲ့အခါ၊ မြေကြီးပေါ်မှာ ကောင်းချီးမင်္ဂလာတွေရရှိရုံတင်မကပါဘူး၊ တစ်နေ့မှာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ ကျွန်တော်တို့မိသားစုတွေနဲ့အတူနေဖို့ ပြန်သွားကြမှာဖြစ်ပါတယ်။
ပဋိညာဉ်နှင့် ဘိသိက်မင်္ဂလာများ
ကျွန်တော်တို့ဟာ အချို့သောဘိသိက်မင်္ဂလာတွေပြုတဲ့အချိန်မှာ ပဋိညာဉ်တွေပြုကြပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့အတူနေရန် ပြန်သွားနိုင်ဖို့ အဲဒီဘိသိက်မင်္ဂလာတွေကို ရရှိဖို့နဲ့ အဲဒီပဋိညာဉ်တွေကို စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ဘိသိက်မင်္ဂလာတွေကို ယဇ်ပုရောဟိတ်အခွင့်အာဏာရှိသူတွေက ဆောင်ရွက်ပါတယ်။ အဲဒီဘိသိက်မင်္ဂလာတွေမှာ၊ ဗတ္တိဇံ၊ အတည်ပြုခြင်း၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိခြင်း (အမျိုးသားများအတွက်)၊ ပြီးတော့ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ရရှိတဲ့ဘိသိက်မင်္ဂလာတွေပါဝင်ပါတယ်။ ပွဲတော်အတွင်းမှာ၊ အသင်းတော်အသင်းသားတွေဟာ ဘုရားသခင်နဲ့ ပြုခဲ့ပြီးသားကတိတွေကို ပြန်လည်ပြုလုပ်ကြပါတယ် ( ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၇၇၊ ၇၉)။
ပဋိညာဉ်တွေက ကျွန်တော်တို့ကို ဖြောင့်မတ်စွာနေထိုင်ဖို့ ကူညီပါတယ်။
ဗတ္တိဇံအတွင်းမှာ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နောက်ကို လိုက်လျှောက်ဖို့၊ သူ့ကို အမြဲသတိရဖို့နဲ့ သူ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကတိပြုခဲကြပါတယ် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၃၇)။ သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော်တို့နဲ့အမြဲအတူရှိမယ့်အကြောင်းဘုရားသခင်က ကတိထားပါတယ်။
အမျိုးသားဟာ ယဇ်ပုရောဟိတ်အခွင့်ကို ရရှိကြတဲ့အခါ၊ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့ထိုက်တန်အောင်နေထိုင်ဖို့ ကတိပြုကြပါတယ်။ ဘုရားသခင်က သူတို့ကို ကောင်းချီးပေးဖို့ ကတိထားပါတယ်။ (ရှု }သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၈၄း၃၃–၄၀)။
ဂျိန်းစ်ပေါ်တာ၏ ရီစိဖ်ဘရာဇီးလ်ဗိမာန်တော်သရုပ်ဖော်ပုံ
ဗိမာန်တော်ထဲ၌ ကျွန်တော်တို့ပြုသည့်ပဋိညာဉ်များ
အသင်းတော်အသင်းသားတွေဟာ ဗိမာန်တော်ထဲမှာ မိမိတို့ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိကြတဲ့အခါ၊ ဖြောင့်မတ်စွာနေထိုင်ဖို့နဲ့ ဧဝံဂေလိတရားတော်အတွက် ဆက်ကပ်ဖို့ကတိပြုကြပါတယ်။ အဲဒါတွေဟာ ဘုရားသခင်ဆီကလာတဲ့ကတိတော်လာတန်ခိုးဖြစ်ပါတယ် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၃၈း၃၂၊ ၁၀၉း၂၂)။
ဗိမာန်တော် တံဆိပ်ခတ်ခြင်းမှာ၊ ခင်ပွန်းနဲ့ဇနီးဟာ ထာဝရကာလအတွက် လက်ထပ်ကြပြီး၊ အချင်းချင်းနဲ့ ဘုရားသခင်ကို သစ္စာရှိဖို့ ကတိပြုကြပါတယ်။ ဘုရားသခင်က သူတို့ သူ့ဆီပြန်သွားနိုင်ကြောင်းနဲ့ မိသားစုများအဖြစ် ထာဝရနေထိုင်နိုင်ကြောင်းကတိထားပါတယ်။ (ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၂း ၁၉–၂၁)။
ကျွန်တော်တို့ဟာ ပဋိညာဉ်ခံလူမျိုးတွေဖြစ်ကြပါတယ်။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ကို ဝင်တဲ့သူတွေဟာ ဘုရားသခင်ရဲ့ ပဋိညာဉ်ခံလူမျိုးတွေဖြစ်လာကြပါတယ်။ သူတို့ဟာ အာဗြဟံပဋိညာဉ်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ တာဝန်တွေကိုလည်း အမွေခံကြပါတယ်။ (ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၃း၂၇-၂၉)။ ဘုရားသခင်ရဲ့ ပဋိညာဉ်ခံလူမျိုးတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းဆိုတာ၊ ကျွန်တော်တို့ ခရစ်တော်ဆီကို ချဉ်းကပ်ရင်း အချင်းချင်းကူညီကြတယ်လို့ ဆိုလိုပါတယ်။ မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့အသင်းတော်ကို ခွန်အားဖြည့်ပေးဖို့ ကျွန်တော်တို့အလုပ် လုပ်ကြတယ်လို့လည်း ဆိုလိုပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းကြတဲ့အခါ၊ ဘုရားသခင်ဆီက တန်ခိုးနဲ့ ခွန်အားကို ရှာတွေ့နိုင်ကြပါတယ်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, February 2022.၏ဘာသာပြန် Burmese 18313 256