လူငယ်တို့အတွက် ခွန်အား
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တပည့်တော်တစ်ပါးဖြစ်သည်
ဇန်နဝါရီ ၂၀၂၄


“ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တပည့်တော်တစ်ပါးဖြစ်သည်၊” လူငယ်တို့အတွက်ခွန်အား ဇန်၊ ၂၀၂၄။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန်နဝါရီ ၂၀၂၄

ကျွန်ုပ်သည် ယေရှုခရစ်တော်တပည့်တော်တစ်ပါးဖြစ်သည်

သင်သည် ကယ်တင်ရှင်နောက်သို့ လိုက်လျှောက်ပြီး သူ၏နှုတ်ကပတ်တော်အား တစ်ပါးသူများထံဝေငှနိုင်ပါသည်။

ရုပ်ပုံ
၂၀၂၄ ခုနှစ် လူငယ်ထုဆောင်ပုဒ် အမှတ်အသား

လူများကိုအနာရောဂါငြိမ်းစေပြီးနောက်၊ မည်သူ့ကိုမှမပြောကြားရန် ယေရှုခရစ်တော်မှ တချို့သောသူများကို အဘယ့်ကြောင့် မိန့်မှာကြောင်း၊ သင်စဉ်းစားဖူးပါသလား (ရှု ရှင်မာကု ၇း၃၆)။ အကြောင်းပြချက်တစ်ခုသည် ကိုယ်တော်လိုအပ်သော နောက်လိုက်သူများအမျိုးအစားနှင့် သက်ဆိုင်သည်။ လူတို့သည် သူတို့၏အနာရောဂါငြိမ်းခြင်းအကြောင်း ပြောကြလျှင် ယေရှုအဖို့ နောက်လိုက်သူများကို ဆွဲဆောင်ရာတွင် နည်းလမ်းကောင်းတစ်ခုဖြစ်လိမ့်မည်ဟု သင်ထင်ကောင်းထင်နိုင်ပါသည်။ သို့သော်လည်း ၊ ယေရှုသည် နောက်လိုက်သူများ မလိုအပ်ခဲ့ပါ။ ကိုယ်တော်လိုအပ်သည်မှာ တပည့်တော်များ ဖြစ်ပါသည်။

ယေရှုခရစ်တော်သည် ပေတရုနှင့်အန္ဒြေအား၊ “ငါ့နောက်သို့လိုက်လော့” (ရှင်မဿဲ ၄း၁၉)ဟုမိန့်တော်မူခဲ့ပါသည်။ ဂျိုးဇက်စမစ်၏ ဘာာသာပြန်ကျမ်းအပိုဒ်တွင်၊ “ငါသည်ပရောဖက်များ ကျမ်းပြုရေးသားခဲ့သူဖြစ်၏၊ ငါ့နောက်သို့လိုက်လော့” (ဂျိုးဇက်စမစ်၏ဘာသာပြန်၊ ရှင်မဿဲ ၄း၁၈) [ရှင်မဿဲ ၄း၁၈] ဟု ဖတ်ရှုရပါသည် a]။ ထိုဖိတ်ခေါ်ချက်မှာ ကိုယ်တော်နှင့် အချိန်ခဏတာမျှသာ လှည့်လည်သွားလာရန် မဟုတ်ပါ။ ကိုယ်တော်သည် ၎င်းတို့အား ကာလအစဉ်အဆက် သူ၏တပည့်တော်များ ဖြစ်စေလိုခြင်းဖြစ်သည်။

ကိုယ်တော်သည် လူများကို သွန်သင်ခြင်း၊ ချစ်ခြင်း နှင့် အံ့ဩဖွယ်အမှုများပြုလုပ်ရာတွင် တပည့်တော်များကို သူ့အား ရပ်ကြည့်နေရုံမျှသာ မဖြစ်စေချင်ခဲ့ပါ။ ကိုယ်တော်သည် ၎င်းတို့အား သူနှင့်ထပ်တူထပ်မျှဆောင်ရွက်ရန် အလိုရှိခဲ့ပါသည်။ ကိုယ်တော်သည် သူ၏အမှုအား ၎င်းတို့၏အမှု ဖြစ်လာရန် အလိုရှိခဲ့ပါသည်။ ခရစ်တော်အား ရွေးချယ်ခြင်းဆိုသည်မှာ ကိုယ်တော်အစေခံသကဲ့သို့ အစေခံရန်နှင့် ကိုယ်တော် တွေးသကဲ့သို့ တွေးရန် သင်ယူရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ်တော်နေထိုင်သကဲ့သို့ နေထိုင်နိုင်ရန် ကျင့်ကြံရမည်ဖြစ်ပြီး ကိုယ်တော်သည် ၎င်းတို့အားနည်းပြကာ သူကဲ့သို့ဖြစ်လာစေရန် လိုအပ်သောအကူအညီကို ပေးမည်ဖြစ်ပါသည်။

ရုပ်ပုံ
ယေရှုခရစ်တော်

တပည့်တော်၏ ဂရိဘာသာစကားလုံးမှာ မက်သတီစ် ဖြစ်ပါသည်။ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ နောက်လိုက်သူတစ်ဦး ခေါ် စာသင်သားတစ်ဦး ထက်ပိုပါသည်။ ထိုစကားလုံးကို များသောအားဖြင့် အလုပ်သင်ဟူ၍ ဘာသာပြန်လေ့ရှိပါသည်။ ခရစ်တော်၏ကာလတွင်၊ တပည့်များသည် ၎င်းတို့ကိုယ်တိုင် ဆရာသခင်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့သင်ယူလိုသည့် ဆရာသခင်ကို ရွေးချယ်ကြပါသည်။ ခရစ်တော်သည် ထိုပုံမှန်အလေ့အထကို လိုက်နာခြင်းမရှိခဲ့ပါ။ ကိုယ်တော်သည် ထိုအလေ့အထကို ပြောင်းပြန်လှန်ခဲ့ပြီး သူ၏ တပည့်တော်များကို ရွေးချယ်ခဲ့ပါသည်။ ယနေ့တွင်၊ ခရစ်‌တော်သည် ကျွန်ုပ်တို့အား သူ့ထံသို့လာရန် ဆင့်ခေါ်ခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ၏တပည့်တော်များဖြစ်ရန် ဆင့်ခေါ်ခဲ့ပြီး သူ၏လူမျိုးများကြားတွင် သူ၏နှုတ်ကပတ်တော်ကို ကြေညာခဲ့ပါသည်၊ ထို့ကြောင့် ၎င်းတို့သည် ထာဝရတည်မြဲသော အသက်တာကို ရရှိနိုင်မည်ဖြစ်ပါသည် (ရှု ၃ နီဖိုင်း ၅း၁၃)။

ကာရေဘီယန်ကျွန်းစုထဲရှိ ဟေတီနိုင်ငံမှ လူငယ်အမျိုးသမီးတစ်ဦးသည် အသင်းသားမဟုတ်သည့် သူမ၏သူငယ်ချင်းအား အက်ဖ်အက်စ်ဝိုင်ညီလာခံသို့ ဖိတ်ခေါ်ခြင်းဖြင့် ခရစ်တော်၏ တပည့်တော်တစ်ပါးဖြစ်လိုသော သူမ၏စိတ်ဆန္ဒကို ပြသခဲ့ပါသည်။ ကနဦးတွင် သူမသူငယ်ချင်း၏ဖခင်မှာ သမီးဖြစ်သူအားသွားရန် ခွင့်မပြုချင်ခဲ့ပါ။ အသင်းတော်ခေါင်းဆောင်များမှ ကောင်းမွန်သည့်အတွေ့အကြုံများသည် သူမအားစောင့်မျှော်နေကြောင်းနှင့် နှစ်သက်ဖွယ်ကောင်းသော အရွယ်ရောက်လူငယ်အတိုင်ပင်ခံများမှ သူမအား စောင့်ကြပ်ပေးမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ သူမ၏ဖခင်သည် သူမအား တက်ရောက်ရန် ခွင့်ပြုပေးခဲ့ရာ သူမ၏အသက်တာတွင် ပြုလုပ်ခဲ့သော ပြောင်းလဲမှုကိုမြင်ပြီးနောက်၊ အသင်းတော်အစည်းအဝေးများသို့ တက်ရောက်ရန်ပါ ခွင့်ပြုပေးခဲ့ပြီး —ခြောက်လအကြာတွင်—နှစ်ခြင်းခံခွင့်ပြုခဲ့ပါသည်။

တောင်အမေရိကတိုက်ရှိ အာဂျင်တီးနားနိုင်ငံမှ လူငယ်အမျိုးသားတစ်ဦးသည် ကျောင်းသွားသည့် ဘတ်စ်ကားပေါ်တွင် သူ၏သကြားလုံးအချို့ကို သူငယ်ချင်းတစ်ယောက်နှင့် ဝေမျှခြင်းအားဖြင့် ခရစ်တော်၏ တပည့်တော်တစ်ပါး ဖြစ်လိုသော သူ၏စိတ်ဆန္ဒကို ပြသခဲ့ပါသည်။ ကော်ဖီအရသာနှင့်သကြားလုံးကိုပေးမည်လုပ်သောအခါ၊ သူ၏မိသားစုထဲတွင် မည်သူမျှကော်ဖီမသောက်သောကြောင့် ထိုအရသာကို ဘယ်တုန်းကမျှ မမြည်းစမ်းဖူးခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ ဤသို့ဖြင့် အသင်းတော်အကြောင်းကို စကားစပ်မိသွားစေပြီး၊ ထိုမှတဆင့် အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကာ၊ နောက်ဆုံးတွင် သူ၏သူငယ်ချင်းသည် အသင်းတော်သို့ ဝင်ရောက်ခဲ့ပြီး ချီလီနိုင်ငံတွင် သာသနာပြုအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သင် အသင်းတော်အကြောင်းအား ပြောမိသော သို့ အသင်းတော်လှုပ်ရှားမှုတစ်ခုသို့ ဖိတ်ကြားမိသော လူတိုင်းသည် အသင်းတော်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ ထိုအရာသည် အဆင်ပြေပါသည်။ ခရစ်တော်၏ အစောပိုင်းအမှုတော်ဆောင်သောကာလများ၌ သူနှင့်စကားပြောခဲ့သော လူတိုင်းသည်လည်း ဝင်ရောက်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုတိုင်အောင်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ တပည့်တော်များဖြစ်ရန်နှင့် သူ၏နှုတ်ကပတ်တော်အား ကြေညာရန် ရွေးချယ်ကြသည်နှင့်အမျှ၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား သတ္တိနှင့် မြင့်မြတ်သောအကူအညီကို ပေးပါလိမ့်မည်။ ကျွန်ုပ်တို့သည် ပိုမို၍ ကိုယ်တော်ကဲ့သို့ဖြစ်လာစေရန် သင်ယူရဦးမည်ဖြစ်ပြီး၊ ထိုအရာသည် တပည့်တော်များလုပ်ဆောင်ရမည့် အရာဖြစ်ပါသည်။