၂၀၂၃
သေလွန်သောသူတို့သည် ဘုရားသခင်၏ရှေ့ ၌ ရပ်ကြလိမ့်မည်
ဒီဇင်ဘာ ၂၀၂၃


“သေလွန်သောသူတို့သည် ဘုရားသခင်၏ရှေ့ ၌ ရပ်ကြလိမ့်မည်၊” လူငယ်တို့အတွက်ခွန်အား၊ ဒီ၊၂၀၂၃။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဒီဇင်ဘာ ၂၀၂၃

သေလွန်သောသူတို့ သည် ဘုရားသခင်၏ ရှေ့ ၌ ရပ်ကြလိမ့်မည်

ရှင်ယောဟန်သည် နောက်ဆုံးသောစီရင်ခြင်းအား သူ၏ဗျာဒိတ်တော်၌ မြင်ခဲ့သည်။

ယေရှုခရစ်တော်

ကိုယ်တော်သည် အုပ်ချူပ်စိုးစံရန် တဖန်ကြွလာခဲ့သည်၊ မယ်ရီ ဆာ့ဝါ မှ

သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်

ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်အားဖြင့် ခပ်သိမ်းသော လူသားတို့သည် တရားစီရင်ခြင်းခံရရန် ကိုယ်တော်ရှင်၏မျက်မှောက်သို့ ဆောင်ယူခြင်းခံရ၏ (ရှု အယ်လမာ ၁၁း၄၂-၄၄၊ ၃၃း၂၂၊ ၄၀း၂၁၊ ဟေလမန် ၁၄း၁၅-၁၇၊ မော်မုန် ၉း၁၃-၁၄)။

စာစောင်များကိုဖွင့်ထား၏

ထိုစာစောင်များသည် ပဋိညာဉ်လမ်းကြောင်းအတိုင်း လိုက်လျှောက်ရန် လူသားတို့ မြေကြီးပေါ်၌ လုပ်ဆောင်ခဲ့သည့်အရာများကို သိမ်းဆည်းထားသော မှတ်တမ်းများကို ကိုယ်စားပြုသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၂၈း၇)။

အသက်တာကျမ်း

“တစ်နည်းအားဖြင့် အသက်တာကျမ်းသည် လူတစ်ဦး၏ အတွေးအခေါ်များနှင့်အပြုအမူများကို ပေါင်းစည်းထားသည့်—သူ၏ဘဝမှတ်တမ်းဖြစ်သည်။ သို့ရာတွင်၊ ကောင်းကင်မှတ်တမ်းတစ်ခုသည် ယုံကြည်သူတို့အား သူတို့၏နာမည်များနှင့်မှန်ကန်သောအမှုများအပါအဝင် မှတ်တမ်းတင်ထားကြောင်းလည်း ကျမ်းစာများကဖော်ပြကြသည်” (Guide to the Scriptures, “Book of Life,” scriptures.ChurchofJesusChrist.org).

စီရင်သည်

လူသားတို့ ရှင်ပြန်ထမြောက်ပြီးနောက် နောက်ဆုံးသောစီရင်ခြင်း ရောက်ရှိလာလိမ့်မည်။ ယေရှုခရစ်တော်သည် လူအယောက်စီတိုင်း၏ တရားစီရင်သူ ဖြစ်လာလိမ့်မည်။ ဤတရားစီရင်ခြင်းသည် လူအယောက်စီတိုင်း လက်ခံရရှိမည့် ထာဝရဘုန်းအသရေကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ (See Guide to the Scriptures၊“Judgment, the Last၊” scriptures.ChurchofJesusChrist.org၊ အယ်လမာ ၄၁း၃-၅၊ ဩဝါဒနှင့်ပဋိညာဉ်များ ၈၈း၂၆-၃၂။)

သူတို့၏အကျင့်များအတိုင်းး

လူအယောက်စီတိုင်းသည် သူတို့ပြုခဲ့သည့်အတိုင်းနှင့်သူတို့အလိုရှိသည့်အတိုင်း တရားစီရင်ခြင်းခံရလိမ့်မည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၇း၉)။ ၎င်းတို့သည် ဘုရားသခင်၏ပညတ်တော်များကို နာခံပြီး ဤဘဝတွင် လက်ခံရရှိသည့် အလင်းနှင့်အမှန်တရားအားဖြင့် ‌လျော်ညီစွာပြုမူခြင်း ရှိ၊ မရှိ စီရင်ခြင်းခံရမည်ဖြစ်သည်။