မိတ်ဆွေ
မီးထဲ၌ ဘေးကင်းခြင်း
အောက်တိုဘာ ၂၀၂၆


“မီးထဲ၌ ဘေးကင်းခြင်း၊” မိတ်ဆွေ၊ အောက်၊ ၂၀၂၆၊ ၄၆–၄၈။

လစဉ် မိတ်ဆွေ အမှာစကား၊ အောက်တိုဘာ ၂၀၂၆

မီးထဲ၌ ဘေးကင်းခြင်း

နေဗုခဒ်နေဇာမင်းကြီး၏ သရုပ်ဖော်ပုံ

နေဗုခဒ်နေဇာမင်းကြီးသည် ကြီးမားသောရွှေရုပ်တုကို တည်ဆောက်ပြီး ၎င်းကိုကိုးကွယ်ရန် သူ၏လူများအား အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ သူတို့သည်ငြင်းဆန်ပါက၊ မီးဖိုထဲသို့ သူတို့ကိုချပစ်မည်ဖြစ်သည်။

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါနှင့် စစ်သားတစ်ဦး၏ သရုပ်ဖော်ပုံ

ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် ဘုရားသခင်ကိုချစ်ပြီး မင်းကြီး၏မှားယွင်းသောဘုရားကို ကိုးကွယ်ခြင်းမပြုခဲ့ပါ။

မင်းကြီးအားစကားပြောနေသောမိတ်ဆွေများ၏ သရုပ်ဖော်ပုံ

မိတ်ဆွေသုံးဦးသည် ဘုရားသခင်တစ်ပါးတည်းကိုသာ သူတို့ကိုးကွယ်မည်ဖြစ်ကြောင်း မင်းကြီးကိုပြောခဲ့ကြပါသည်။ ဘုရားသခင်သည် သူတို့ကို ကွယ်ကာနိုင်သည်ဟု သူတို့ယုံကြည်ခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်သည် သူတို့ကို မကယ်တင်ခဲ့လျှင်ပင်၊ သူတို့သည် မိမိတို့ ယုံကြည်ရာအတွက် ရပ်တည်ကြမည်ဖြစ်သည်။

မီးဖိုထဲရှိ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါ၏ သရုပ်ဖော်ပုံ

မင်းကြီးသည် အမျက်ထွက်တော်မူခဲ့ပါသည်။ သူသည် မိတ်ဆွေများကို မီးဖိုထဲသို့ပစ်ချစေခဲ့ပါသည်။ သို့သော် မင်းကြီးသည် မီးဖိုထဲသို့ကြည့်လိုက်သောအခါ၊ လူသုံးဦးနှင့်အတူ မီးဖိုထဲတွင် ကောင်းကင်သားတစ်ဦးကိုမြင်၌ အံ့အားသင့်ခဲ့ပါသည်။

မီးဖိုထဲမှထွက်လာသော ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အား ကြည့်နေသောမင်းကြီး၏ သရုပ်ဖော်ပုံ

မင်းကြီးသည် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့ကိုခေါ်ခဲ့ပြီး သူတို့သည် မီးဖိုထံမှထွက်လာခဲ့ကြပါသည်။ မီးသည် သူတို့ကို ထိခိုက်မှုမပြုခဲ့ သို့မဟုတ် သူတို့အဝတ်များကိုပင် မလောင်ကျွမ်းစေခဲ့ပါ။

ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် လမ်းလျှောက်လာပြီး မင်းကြီးအားစကားပြောနေသည့် သရုပ်ဖော်ပုံ

ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် သူတို့၏ အသက်အန္တရာယ်ရှိနေသည့်အချိန်၌ပင်၊ ဘုရားသခင်၏ပညတ်တော်များကိုနာခံခဲ့ပါသည်။ သူတို့၏ပုံသက်သေသည် မင်းကြီးအား ဘုရားသခင်၌ယုံကြည်လာရန် ကူညီပေးခဲ့ပါသည်။

အရောင်ခြယ်စာမျက်နှာ

ပရောဖက်များကို ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များ ဟောပြောရန် ခေါ်သွင်းထားပါသည်

သမ္မာကျမ်းစာထဲရှိ ပရောဖက်များ၏ အရောင်ခြယ်စာမျက်နှာ ပီဒီအက်ဖ်

အော်ဒရီ ဒေး၏ သရုပ်ဖော်ပုံများ။ အသင်းတော်အသုံးပြုရန်အတွက်သာ ကူးယူခွင့်ပြုပါသည်။

ပရောဖက်နောက်သို့ သင်မည်သို့ လိုက်လျှောက်သနည်း။