မိတ်ဆွေ
ရုသနှင့်နောမိ
စက်တင်ဘာ ၂၀၂၆


“ရုသနှင့် နောမိ၊”မိတ်ဆွေ၊ စက်၊ ၂၀၂၆၊ ၄၆–၄၈။

လစဉ် မိတ်ဆွေအမှာစကား၊ စက်တင်ဘာ ၂၀၂၆

ရုသနှင့်နောမိ

နောမိနှင့်သူမ၏မိသားစု

နောမိ၏မိသားစုသည် ယုဒပြည်တွင်နေထိုင်ခဲ့ကြပါသည်။ အစာခေါင်းပါးခြင်းကြောင့် သူတို့တွင် လုံလောက်သောအစားအစာမရှိသဖြင့်၊ မောဘပြည်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။

နောမိ၊ ရုသနှင့် ဩရပ အချင်းချင်း နှစ်သိမ့်နေပုံ

မောဘပြည်၌၊ နောမိ၏ခင်ပွန်း ကွယ်လွန်သွားပြီး သူမ၏သားများသည် ဩရပနှင့် ရုသ အမည်ရှိသော အမျိုးသမီးများနှင့် လက်ထပ်ခဲ့ကြပါသည်။ သူတို့သည် နောမိကို ဆယ်နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့ကြပါသည်။ သို့သော် နောက်ပိုင်းတွင် ဩရပနှင့် ရုသ၏ ခင်ပွန်းများ ကွယ်လွန်သွားခဲ့ကြပါသည်။ ယခုအခါ အမျိုးသမီးများသည် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ကြပါသည်။

နောမိစီးနေသော ကုလားအုတ်ကို ရုသ ဆွဲခေါ်သွားနေပုံ

သြရပသည် သူမနေအိမ်သို့ ပြန်သွားခဲ့ပါသည်။ သို့သော် ရုသက ဆက်နေပြီး နောမိကို ပြုစုစောင့်ရှောက်လိုခဲ့ပါသည်။ ရုသနှင့် နောမိတို့သည် ယုဒပြည်၌ သီးနှံများ ပြန်ရလာသည်ဟု ကြားသိရသဖြင့်၊ ထိုပြည်သို့ ခရီးနှင်ခဲ့ကြပါသည်။

လယ်ကွင်းတွင် ကောက်သင်းကောက်နေသော ရုသ

သူတို့သည် ရိတ်သိမ်းချိန်၌ ရောက်ရှိလာခဲ့ကြပါသည်။ နောမိ၏ ဆွေမျိုးဖြစ်သူ ဗောဇသည် လယ်ကွင်းများကို ပိုင်ဆိုင်ပါသည်။ သူသည် ရုသအား စားစရာအဖြစ် ကြွင်းကျန်ရစ်သောစပါးနှံများကို ကောက်ယူခွင့်ပြုခဲ့ပါသည်။ ထိုအလုပ်သည် ခဲယဉ်းသောအလုပ်ဖြစ်ပါသည်။

ရုသနှင့် ဗောဇ စကားပြောနေပုံ

ရုသသည် ကြိုးစားလုပ်ကိုင်ပြီး နောမိနှင့် ကိုယ်တော်ရှင်အပေါ် သစ္စာရှိသောကြောင့် ဗောဇက သူမကို လေးစားခဲ့ပါသည်။

ရုသနှင့် ဗောဇ

ရုသသည် ဗောဇအား သူမနှင့်လက်ထပ်ရန် တောင်းဆိုခဲ့ပါသည်။ ရုသသည် သစ္စာရှိပြီး သီလရှိသောအမျိုးသမီးဖြစ်ကြောင်း ဗောဇက သိရှိခဲ့ပါသည်။ သူလည်း သဘောတူခဲ့ပါသည်။

ကလေးငယ်နှင့်အတူ နောမိ၊ ရုသ နှင့် ဗောဇ

ရုသနှင့် ဗောဇတို့သည် လက်ထပ်ခဲ့ကြပြီး သားငယ်တစ်ယောက် ထွန်းကားခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်၊ ယေရှုခရစ်တော်သည် ဤမိသားစု၏မျိုးရိုးတွင် မွေးဖွားခဲ့ပါသည်။

အရောင်ခြယ်စာမျက်နှာ

ယေရှုခရစ်တော်ကြောင့်၊ ကျွန်ုပ်သည် နောင်တရနိုင်ပြီး စင်ကြယ်နိုင်ပါသည်

ဘုရားကျောင်းခုံတန်းတွင် ထိုင်နေသော မိန်းကလေးတစ်ဦးအား ပွဲတော်မင်္ဂလာ ကမ်းပေးနေသော လူငယ်တစ်ဦး၏ အရောင်ခြယ်စာမျက်နှာပုံ PDF

အော်ဒရီ ဒေး၏ သရုပ်ဖော်ပုံများ။ အသင်းတော်အသုံးပြုရန်အတွက်သာ ကူးယူခွင့်ပြုပါသည်။

ကောင်းမွန်သည့်ရွေးချယ်မှုများ ပြုလုပ်ရန် သင်အား မည်သည့်အရာက အကူအညီပေးပါသနည်း။