အားလုံးကို ကြိုဆိုပါသည်။ သင်၏အနီးတွင်ရှိသော ဘုရားကျောင်းတစ်ကျောင်းကို လည်ပတ်ပါ။
ယေဘုယျမေးသည့်မေးခွန်းများ
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏အသင်းသားများသည် ခရစ်ယာန်များဖြစ်ပါသလား။
ဖြစ်ပါသည်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏အသင်းသားများအဖြစ်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်တော် ကို ဘုရားသခင်၏သားတော်နှင့် လောက၏ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ စိတ်ကူးနိုင်သည်ထက်ပို၍ ကျွန်ုပ်တို့အားလုံးကိုချစ်ပါသည်။ ကျွန်ုပ်တို့သည် ယေရှု၏ဆက်ကပ်ထားသောနောက်လိုက်များအဖြစ် မိမိကိုယ်ကို မှတ်ယူကြပါသည်။ ကျွန်ုပ်တို့၏ဘာသာရေးအယူဝါဒများအချို့သည် ခြားနားသော်လည်း၊ ယေရှုခရစ်တော်သည် ကိုယ်တော်၏အသက်တာ၊ အမှုတော်ဆောင်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်၊ ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်းတို့မှ ကယ်တင်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြပါသည်။
ကျွန်ုပ်တို့၏ ဘာသာရေးအယူဝါဒများ အကြောင်း ပိုမိုသင်ယူပါ
ဘုရားကျောင်းဝတ်ပြုချိန်များက မည်ကဲ့သို့ဖြစ်ပါသနည်း။
ဘုရားကျောင်းဝတ်ပြုချိန်များသည် ဝတ်ပြုကြသည့် လူစုတစ်စုမှတစ်စုအပေါ်မူတည်ပြီး ကွဲပြားပါသည်။ သို့ရာတွင်၊ သင်သည် လူတိုင်းအတွက် ပင်မဝတ်ပြုကိုးကွယ်ခြင်းတစ်ခုကို အမြဲတမ်း အားထားနိုင်ပြီး၊ ထို့နောက်တွင် ကလေးများ၊ လူငယ်များနှင့် လူကြီးများအတွက် သင်တန်းများ ရှိပါသည်။
လူတိုင်းအတွက် ဝတ်ပြုခြင်းကို “ပွဲတော်မင်္ဂလာအစည်းအဝေး” ဟုခေါ်ပါသည်။ ဤအစည်းအဝေးတွင် အပတ်တိုင်း သီချင်းများ၊ ဆုတောင်းခြင်းများနှင့် ဝတ်ပြုကြသည့်လူစု၏ ခြားနားသောအသင်းသားများမှဟောပြောသော တရားဒေသနာများ (သို့မဟုတ် “ဟောပြောချက်များ”) ပါဝင်ပါသည်။ သို့သော်လည်း၊ အစည်းအဝေး၏အရေးအကြီးဆုံးအပိုင်းမှာ ကယ်တင်ရှင်အားသတိရရန် ပွဲတော်မင်္ဂလာ (၎င်းသည်နောက်ဆုံးညစာပွဲတော်နှင့်ဆင်တူသည်) ကို ကျွန်ုပ်တို့ သုံးဆောင်သောအချိန်ဖြစ်ပါသည်။
သင့်အနီးရှိ တနင်္ဂနွေဝတ်ပြုချိန်များ သိုမဟုတ် ဘုရားကျောင်းတစ်ခုကိုရှာခြင်းနှင့် ပတ်သက်၍ ပိုမိုသင်ယူပါ။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် အဘယ်ကြောင့် ဗိမာန်တော်များရှိပါသနည်း။
နောက်ပိုင်းကာလသန့်ရှင်းသူများအတွက်၊ ဗိမာန်တော် တစ်ခုသည် အခြားသောဘုရားကျောင်းအဆောက်အအုံများမှ ကွာခြားပါသည်။ ဗိမာန်တော်သည် နောက်ပိုင်းကာလသန့်ရှင်းသူများက ဘုရားသခင်နှင့် ယေရှုခရစ်တော်နှင့်ပတ်သက်သည့် အထူးလမ်းညွှန်ချက်ကိုရရှိသော နေရာတစ်ခုဖြစ်ပါသည်။ ဗိမာန်တော်၌ အသင်းသားများသည် ဘုရားသခင်နှင့် ထာဝရပဋိညာဉ်များ (သို့မဟုတ် ကတိတော်များ) ကို ပြုကြပါသည်။ ၎င်းတွင် ပညတ်တော်များကိုစောင့်ထိန်းရန်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌နေထိုင်ရန်၊ အိမ်ထောင်ရေး၌ သစ္စာရှိရန်နှင့် ကျွန်ုပ်တို့တွင်ရှိသည့်အရာများကိုဝေငှခြင်းဖြင့် အချင်းချင်းဂရုစိုက်ကူညီရန် ကတိများပါဝင်ပါသည်။
ထို့အပြင်၊ မိသားစုများသည် ထာဝရဖြစ်ကြသည်ဟု ကျွန်ုပ်တို့ယုံကြည်သောကြောင့်၊ ဗိမာန်တော်အတွင်းတွင် လုပ်ဆောင်သောအမှုတော်အများစုသည် မိသားစုနှောင်ကြိုးများကို ပို၍ခိုင်မြဲစေရန်ဖြစ်ပါသည်။ ဗိမာန်တော်တွင်း လက်ထပ်ခြင်းများသည် “သေဆုံးသည်အထိသင်မခွဲခွာ” မျှသာမဟုတ်ဘဲ ထာဝရတည်ရှိရန် ဆောင်ရွက်ပါသည်။ မိဘများနှင့် ကလေးများသည် ဗိမာန်တော်များတွင် ထာဝရမိသားစုများဖြစ်လာကြပါသည်။ ဘိုးဘွားဘီဘင်များသည် တစ်စုံတစ်ယောက်က သန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာများကို သူတို့ကိုယ်စားဆောင်ရွက်ပေးပြီး သူတို့သည် ထိုဝန်ဆောင်မှုလုပ်ရပ်ကိုလက်ခံလျှင် ဗိမာန်တော်၏ကောင်းချီးများအားလုံးကိုလည်း ရရှိနိုင်ပါသည်။ ဗိမာန်တော်များသည် အလုပ်များသောနေရာများဖြစ်ကြပါသည်။
မော်မုန်ကျမ်းဆိုသည်မှာအဘယ်နည်း။
မော်မုန်ကျမ်းသည် ဘုရားသခင်နှင့် ယေရှုခရစ်တော်အကြောင်း ကျွန်ုပ်တို့ကို သွန်သင်ပေးသော လမ်းပြလှုံ့ဆော်သည့်ကျမ်းစာစာအုပ်တစ်အုပ်ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဘဝများအတွက် လမ်းညွှန်မှုကိုရရှိရန်ကူညီပြီး ယေရှုခရစ်တော်ထံပို၍နီးကပ်စွာ ကျွန်ုပ်တို့ကိုခံစားရန် ကူညီပေးနိုင်ပါသည်။ နာမည်သည် မည်သည့်နေရာမှလာပါသနည်း။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မော်မုန်အမည်ရှိ ရှေးပရောဖက်တစ်ဦးသည် သူ့လူမျိုးများ၏မှတ်တမ်းတစ်ခုကို ပြုစုခဲ့ပါသည်။ သူတို့သည် ကျွန်ုပ်တို့နှင့် တူညီသော စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါသည်။ ထို့အတူ ကျွန်ုပ်တို့ကဲ့သို့ပင်၊ သူတို့သည် ယေရှုခရစ်တော်ထံ သူတို့ပြန်လှည့်လာသောအခါ ခွန်အားကို တွေ့ရှိခဲ့ကြပါသည်။ သာသနာပြုများထံမှ မော်မုန်ကျမ်းအကြောင်း မိတ်ဆက်မှုရယူပါ။
မော်မုန်ကျမ်းသည် လောက၏ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်အဖြစ် ကိုယ်တော်၏မြင့်မြတ်သောသာသနာနှင့် ယေရှုခရစ်တော်၏ အခြားသောသက်သေခံချက်အဖြစ် သမ္မာကျမ်းနှင့်အတူရပ်တည်ပါသည်။ သမ္မာကျမ်းနှင့် မော်မုန်ကျမ်းတို့သည် ကျွန်ုပ်တို့အားလုံးအတွက် ဘုရားသခင်၏ ကြီးမားသောမေတ္တာကို ပိုမိုနားလည်စေပြီး ကျွန်ုပ်တို့အား ကိုယ်တော်ထံပိုနီးကပ်လာစေရန် အတူအကွ ကူညီပေးနိုင်ပါသည်။
သမ္မာကျမ်းနှင့် မော်မုန်ကျမ်းတို့ မည်သို့ အတူတကွအလုပ်လုပ်သည် အကြောင်းကို ပိုမိုသင်ယူပါ။
သမ္မာကျမ်းကိုကျွန်ုပ်တို့ယုံကြည်ပါသလား။
ယုံကြည်ပါသည်။ သမ္မာကျမ်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်၊ သန့်ရှင်းမွန်မြတ်သောကျမ်းစာစောင်တစ်ခုဖြစ်ပြီး ၎င်း၏သွန်သင်ချက်များကိုလိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့ဘဝများကို ဝမ်းမြောက်ခြင်းယူဆောင်ပေးပါသည်။ သမ္မာကျမ်းနှင့်အတူ ကျွန်ုပ်တို့သည် ခရစ်တော်၏နောက်ပိုင်းကာသန့်ရှင်းသူများအတွက် တမူထူးခြားသည့် အခြားကျမ်းစာအုပ်များတွင်လည်း လမ်းပြလှုံ့ဆော်မှုကို တွေ့ရှိကြပါသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ယေရှုခရစ်တော်အကြောင်း အရေးကြီးသောသမ္မာတရားများကို ကျွန်ုပ်တို့အား သွန်သင်ရန် အတူတကွလုပ်ဆောင်ကြပါသည်
သမ္မာကျမ်း ရှိ ကျွန်ုပ်တို့၏ ယုံကြည်ချက်များအကြောင်း ပိုမိုသင်ယူပါ။
ဘုရားသခင်ထံသို့ ပို၍နီးစေပါ။ သာသနာပြုများနှင့် တွေ့ဆုံပါ။
အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် တွေ့ဆုံပါ။ ကျွန်ုပ်တို့သည် သင်၏မေးခွန်းများကိုဖြေပေး၍ သင်၏ဒေသခံဘုရားကျောင်းအသိုင်းအဝိုင်းနှင့် သင့်ကိုမိတ်ဆက်ပေးပါမည်။
ယေရှုခရစ်တော်အပေါ် အာရုံစိုက်သော ယုံကြည်ခြင်းအသိုင်းအဝိုင်းတစ်ခု
အသင်းတော်မှ နောက်ဆုံးရသတင်းများကို ရယူပါ။
ကမ္ဘာတစ်ဝှမ်းတွင် ကောင်းမွန်သောအရာများ ဖြစ်ပျက်နေပါသည်။ အသင်းတော် စီမံကိန်းများ၊ လှုပ်ရှားမှုများ၊ ဘေးအန္တရာယ်သက်သာရေးကြိုးပမ်းမှုများနှင့် နောက်ထပ်အရာများအကြောင်း လတ်တလော ပြင်ဆင်မှုများကို ရယူပါ။